Quran with Burmese translation - Surah Al-An‘am ayat 149 - الأنعَام - Page - Juz 8
﴿قُلۡ فَلِلَّهِ ٱلۡحُجَّةُ ٱلۡبَٰلِغَةُۖ فَلَوۡ شَآءَ لَهَدَىٰكُمۡ أَجۡمَعِينَ ﴾
[الأنعَام: 149]
﴿قل فلله الحجة البالغة فلو شاء لهداكم أجمعين﴾ [الأنعَام: 149]
Ba Sein ၁၄၉။ ဟောကြားလော့။ နောက်ဆုံး ဆင်ခြေစကားသည် အလ္လာဟ်အသျှင်မြတ်ဖို့သာဖြစ်၏။ အသျှင်မြတ် အလိုတော်ရှိခဲ့ပါလေလျှင် အသျှင်မြတ်သည် သင်တို့အားလုံးကို မချွတ်ဧကန် လမ်းညွှန်နိုင်တော် မူခဲ့လေမည်။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်၏ သက်သေသာဓကသည်သာလျှင် (တိကျ)ပြည့်စုံလုံလောက်သောသာဓကပင်ဖြစ်၏။ သိုြ့ဖစ်ပေရာ အကယ်၍သာထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့ အားလုံးကိုလမ်းမှန်သို့ ဧကန်မုချ ပို့ဆောင်တော် မူခဲ့ပြီးဖြစ်အံ့။ |
Hashim Tin Myint (အို- တမန်တော်)အသင် ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်၏သက်သေ သာဓကသည် ပြည့်စုံလုံလောက်သော သာဓကဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ အရှင်မြတ်အလိုရှိတော်မူလျှင် အသင်တို့အားလုံးကို လမ်းမှန်ရောက်အောင် အမှန်စင်စစ် ပို့ဆောင်တော်မူခဲ့ပြီး ဖြစ်မည်။ |