×

အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသူတို့က “အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို 6:148 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:148) ayat 148 in Burmese

6:148 Surah Al-An‘am ayat 148 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 148 - الأنعَام - Page - Juz 8

﴿سَيَقُولُ ٱلَّذِينَ أَشۡرَكُواْ لَوۡ شَآءَ ٱللَّهُ مَآ أَشۡرَكۡنَا وَلَآ ءَابَآؤُنَا وَلَا حَرَّمۡنَا مِن شَيۡءٖۚ كَذَٰلِكَ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ حَتَّىٰ ذَاقُواْ بَأۡسَنَاۗ قُلۡ هَلۡ عِندَكُم مِّنۡ عِلۡمٖ فَتُخۡرِجُوهُ لَنَآۖ إِن تَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنۡ أَنتُمۡ إِلَّا تَخۡرُصُونَ ﴾
[الأنعَام: 148]

အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်ကြသူတို့က “အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့သည် အရှင်မြတ်နှင့်တွဲဖက်၍ အခြားသောအရာများကို ကိုးကွယ်နိုင်ကြမည် မဟုတ်ပေ။ မည်သည့်တစ်စုံ တစ်ရာ ကိုမျှ တရားမဝင်ဟု တားမြစ်နိုင်ကြမည်မဟုတ်။” ဟု မကြာမီ ပြောဆိုကြလိမ့်မည်။ ထိုနည်းတူစွာပင် သူတို့အလျှင်ရှိခဲ့ကြသော ရှေ့သူတို့သည်လည်း အရှင်မြတ်၏ပြစ်ဒဏ် (ဆိုးကျိုးဆက်) ကို မြည်းစမ်းရသည်အထိ မဟုတ်မမှန်လိမ်လည်စွပ်စွဲ၍ ငြင်းဆိုခဲ့ကြ၏။” ဟု ဟောလော့။ “သင်တို့၌ ကျွန်ုပ်အား ထုတ်ဖော်တင်ပြနိုင်ရန် သိထားသည့်အရာ (မှ သင်တို့၏ကြွေးကြော်မှုကို အထောက်အကူပြုမည့် ခိုင်မာသော သက်သေအထောက် အထားတစ်စုံတစ်ရာ) ရှိသလော။ သင်တို့သည် ထင်မြင်ယူဆချက်ကိုသာ လိုက်နာကျင့်သုံးနေကြ၏။ ထို့ပြင် သင်တို့သည် (သင်တို့၏ထင်မြင်ယူဆချက်၊ စိတ်အလိုဆန္ဒ၊ စိတ်ဝင်စားမှုနှင့်ကိုယ်ကျိုးစီးပွားအတွက်သာ အဓိက ထား၍ မှားယွင်းသည့် ဆုံးဖြတ်ချက်များဖြင့်) မှန်းဆရမ်းဆပြောဆိုနေကြခြင်းသာ ဖြစ်၏။”

❮ Previous Next ❯

ترجمة: سيقول الذين أشركوا لو شاء الله ما أشركنا ولا آباؤنا ولا حرمنا, باللغة البورمية

﴿سيقول الذين أشركوا لو شاء الله ما أشركنا ولا آباؤنا ولا حرمنا﴾ [الأنعَام: 148]

Ba Sein
၁၄၈။ ရုပ်တုများကို ကိုးကွယ်သောသူတို့က အကယ်၍ အလ္လာဟ်အသျှင်မြတ်အလိုတော်ရှိခဲ့ပါလျှင် အကျွနု်ပ်တို့သည်သော်လည်းကောင်း၊ အကျွနု်ပ်တို့မိဘဘိုးဘွားတို့သည်သော်လည်းကောင်း၊ အသျှင်မြတ်အား ဖက်စပ်သူများပေးခဲ့ကြမည်မဟုတ်။ သို့မဟုတ် တစ်စုံတစ်ရာမျှ အကျွနု်ပ်တို့က တရားမဝင်ဟု တားမြစ်ခဲ့ကြမည်မဟုတ်ဟု ပြောဆိုကြလိမ့်မည်။ ဤကဲ့သို့ပင် သူတို့အလျင် ဖြစ်ထွန်းလာသော မိစ္ဆာဒိဌိတို့လည်း ငါအသျှင်မြတ်၏ အမျက်တော်ကို မြည်းရသည့်တိုင်အောင် အလ္လာဟ်၏ တမန်တော်များကို မဟုတ်မလျား မုသားစကားပြောကြားသူများဟု စွပ်စွဲရှုတ်ချကြ၏။ ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့သည် အကျွနု်ပ်တို့အား တစ်စုံတစ်ခုသောအသိပညာကို တင်ပြနိုင်ကြသလော။ မှတ်သားကြလော့။ သင်တို့သည် မိမိတို့ထင်မြင်ချက်မှတစ်ပါး အခြား တစ်စုံတစ်ရာကိုမှ မလိုက်ကြပေ။ မှတ်သားကြလော့။ သင်တို့သည် တပ်အပ်သေချာမသိဘဲလျက် ရမ်းဆပြောဆိုကြသည်သာတည်း။
Ghazi Mohammad Hashim
အခြားအရာများကို အလ္လာဟ်အရှင်မြတ် နှင့်တွဲဖက်ကိုးကွယ်သော သူတို့သည် မကြာမြင့်မီ ပြောဆိုကြမည်မှာအကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့ သည်လည်းကောင်း၊ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်နိုင်ကြမည်လည်း မဟုတ်ပါ။ တစ်စုံတစ်ရာကို ဟရာမ်ဟူ၍ တားမြစ်နိုင်ကြမည်လည်း မဟုတ်ပါဟုပြောဆိုကြကုန်အံ့။ (ယင်းကဲ့သို့ ငြင်းပယ်ခြင်းသည် အထူးအဆန်းမဟုတ်ပေ။ (အကြောင်းမူကား) ၎င်းတို့အလျင် ရှိခဲ့ဘူးကြသော သူတို့သည်လည်း (အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်များအား ဤနည်းအတိုင်းပင်၊ မဟုတ်မမှန်ပြောဆိုသူများဟူ၍ စွပ်စွဲခဲ့ကြကုန်၏။ နောက်ဆုံးတွင် ယင်းသူတို့သည် ငါအရှင် မြတ်၏ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေသည်။ (အိုနဗီတမန်တော်)အသင်သည် (ထိုသူတို့အား အချင်းတို့)အသင်တို့ထံ တစ်စုံတစ်ရာ သက်သေသာဓက ရှိပါသလော။ရှိခဲ့ပါလျှင် ငါတို့၏ရှေ့၌ ထုတ်ဖေါ်တင်ပြကြလေကုန်။ အသင်တို့သည် (သက်သေသာဓက အလျင်းမရှိဘဲ မိမိတို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာကျင့်သုံးကြပေသည်။ ထို့ပြင် အသင်တို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြပေသည်ဟုပြောကြားပါလေ။
Hashim Tin Myint
မကြာမီ ရှိရ်က် တုဖက်ကိုးကွယ်သူများက ‌ပြောဆိုကြမည်- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိ‌တော်မူခဲ့ပါလျှင် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ‌ဘေး၊ ဘီ၊ ဘင်တို့သည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်ပြီး ကိုးကွယ်နိုင်ကြမည် မဟုတ်‌ပေ။ ၎င်းပြင် တစ်စုံတစ်ရာကို ဟရာမ်ဟုလည်း တားမြစ်နိုင်ကြမည် မဟုတ်‌ပေ။* ထိုသို့ပင် သူတို့မတိုင်မီက သူများသည်လည်း (တမန်‌တော်များကို) မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်။ ‌နောက်ဆုံးတွင် သူတို့သည် ငါအရှင်မြတ်၏အပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရသည်။ (အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- အသင်တို့ထံတွင် (အသင်တို့ ထင်မြင်ယူဆ ‌ပြောဆိုသည်မှာ မှန်ကန်‌ကြောင်း) သက်‌သေသာဓက တစ်စုံတစ်ခုရှိသ‌လော။ ရှိခဲ့လျှင် ငါတို့အား ထိုသက်‌သေသာဓကကို ထုတ်‌ဖော်တင်ပြကြပါ။ အသင်တို့သည် (သက်‌သေသာဓက မရှိဘဲ အသင်တို့၏) ထင်မြင်ယူဆချက်ကိုသာ လိုက်နာကြခြင်းဖြစ်သည်။ ၎င်းပြင် အသင်တို့သည် ရမ်းဆ‌ပြောဆိုသူများပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek