Quran with Burmese translation - Surah Al-An‘am ayat 22 - الأنعَام - Page - Juz 7
﴿وَيَوۡمَ نَحۡشُرُهُمۡ جَمِيعٗا ثُمَّ نَقُولُ لِلَّذِينَ أَشۡرَكُوٓاْ أَيۡنَ شُرَكَآؤُكُمُ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ ﴾
[الأنعَام: 22]
﴿ويوم نحشرهم جميعا ثم نقول للذين أشركوا أين شركاؤكم الذين كنتم تزعمون﴾ [الأنعَام: 22]
Ba Sein ၂၂။ ငါအသျှင်မြတ်သည် သူတို့အားလုံးကို စုရုံးတော်မူသော နေ့တော်ကြီး၌ ငါအား ဘက်စပ်သူများ ရှိသည်ဟု စွပ်စွဲသူတို့အား သင်တို့ ယုံတမ်းစကားပြော၍ ငါအသျှင်မြတ်နှင့် တွဲဖက်သည်ဟုဆိုသော သူတို့သည် ယခု အဘယ်မှာနည်းဟု မိန့်တော်မူမည်။ |
Ghazi Mohammad Hashim ၎င်းပြင် အကြင်နေ့ကိုလည်း သတိရသင့်၏။ထိုနေ့တွင် ငါအရှင်မြတ်သည် ယင်းသူတို့အားလုံးကို စုရုံးစေတော်မူပြီးနောက် (တစ်စုံတစ်ရာကို ငါအရှင်မြတ်နှင့်) တွဲဖက်ကိုးကွယ်ခဲ့ကြသော သူတို့အား အသင်တို့သည် (ငါအရှင်မြတ်၏တွဲဖက်များ ဖြစ်ကြသည်ဟူ၍) ထင်မြင်ယူဆ (ကိုးကွယ်)ခဲ့ကြသော အသင်တို့၏ အပေါင်းအဖော် (တွဲဖက်ကိုးကွယ်ရာ)များသည် အဘယ်နည်းဟု မေးမြန်းတော်မူအံ့။ |
Hashim Tin Myint ထို့ပြင် ထိုနေ့တွင် ငါအရှင်မြတ်သည် သူတို့အားလုံးကို စုရုံးတော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ရှိရ်က်ပြုလုပ် တွဲဖက်ကိုးကွယ်ခဲ့ကြသောသူများအား မေးမြန်းတော်မူမည်- “အသင်တို့ ပြောဆို(ကြွေးကြော် ကိုးကွယ်)ခဲ့ကြသော အသင်တို့၏ အပေါင်းအဖော်များသည် အဘယ်မှာနည်း။“ |