×

သူတို့ကို ငရဲမီးထဲ၌ ရပ်စေခြင်းခံရသည့်အခါ သူတို့က “အို၊ အလိုလေး၊ ကျွန်ုပ်တို့ (လောကီကမ္ဘာသို့) ပြန်ခွင့်ရပြီး ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော 6:27 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:27) ayat 27 in Burmese

6:27 Surah Al-An‘am ayat 27 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 27 - الأنعَام - Page - Juz 7

﴿وَلَوۡ تَرَىٰٓ إِذۡ وُقِفُواْ عَلَى ٱلنَّارِ فَقَالُواْ يَٰلَيۡتَنَا نُرَدُّ وَلَا نُكَذِّبَ بِـَٔايَٰتِ رَبِّنَا وَنَكُونَ مِنَ ٱلۡمُؤۡمِنِينَ ﴾
[الأنعَام: 27]

သူတို့ကို ငရဲမီးထဲ၌ ရပ်စေခြင်းခံရသည့်အခါ သူတို့က “အို၊ အလိုလေး၊ ကျွန်ုပ်တို့ (လောကီကမ္ဘာသို့) ပြန်ခွင့်ရပြီး ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အာယာသ်သက်သေလက္ခဏာတော်များကို လိမ်လည်ငြင်းဆန်ခြင်းမပြုဘဲ ယုံကြည်သူတို့အနက်မှ အပါအဝင် ဖြစ်ခဲ့လျှင် ကောင်းလေစွ။” ဟု ညည်းညူကြမည်ကို အသင်တွေ့မြင်ရလိမ့်မည်။

❮ Previous Next ❯

ترجمة: ولو ترى إذ وقفوا على النار فقالوا ياليتنا نرد ولا نكذب بآيات, باللغة البورمية

﴿ولو ترى إذ وقفوا على النار فقالوا ياليتنا نرد ولا نكذب بآيات﴾ [الأنعَام: 27]

Ba Sein
၂၇။ သူတို့အား ငရဲမီးရှေ့၌ ချထားသောအခါ သူတို့က အကျွနု်ပ်တို့သည် ပြန်သွားခွင့်ရပါလျှင် တော်လေစွ။ ထိုအခါ အကျွနု်ပ်တို့သည် မိမိတို့၏ ကျေးဇူးတေ်သခင်၏ ဗျာဒိတ်တော်များကို ငြင်းပယ်ကြလိမ့်မည်မဟုတ်ပါ။ အကျွနု်ပ်တို့သည် ယုံကြည်သူတို့ဘောင်တွင် ပါဝင်ကြမည်ဟု ညည်းညူမြည်တမ်းကြမည်။ ထိုအခါ သူတို့ကို သင်မြင်ရလျှင် ကောင်းလေစွ။
Ghazi Mohammad Hashim
ထို့ပြင်တဝ၊ (အို-နဗီတမန်တော်) အကြင်အခါဝယ်၊ ၎င်းတို့သည် ငရဲဘုံ(အဝ)တွင် ရပ်စေခြင်းကိုခံရ၍ဪ ငါတို့သည် (လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းကိုခံရကြသော် ကောင်းလေစွတကား။ (အကယ်၍သာ ပြန်သွားရလျှင်) ငါတို့သည် မိမိတို့ အရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းမပြုကြဘဲ၊ ငါတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်ပေမည် ဟု ပြောဆိုကြလတ္တံ့။ အကယ်၍ အသင်သည် ထိုအဖြစ်ကိုကြည့်ရပါသော် (အလွန်ကြောက်မက်ဖွယ် ကောင်းသောမြင်ကွင်းကို တွေ့မြင်ရပေအံ့)။
Hashim Tin Myint
ထို့ပြင် အသင်(တမန်‌တော်)သည် (သူတို့၏ အဖြစ်အပျက်ကို)မြင်မည်ဆိုလျှင် (အံ့ဩသွားမည်ပင်)၊ သူတို့သည် ငရဲဘုံ‌ပေါ်တွင် ရပ်တန့်‌စေခြင်းခံရ‌သောအခါ သူတို့က ‌ပြောဆိုကြမည်- “‌ဪ- ငါတို့သည် (‌လောကကို) ပြန်လွှတ်ခံရလျှင် ‌ကောင်း‌လေစွ။ (ထိုသို့ဆိုလျှင်) ငါတို့သည် ငါတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ အာယသ်‌တော်များကို မဟုတ်မမှန်ငြင်းပယ်မှု မပြုကြဘဲ ငါတို့သည် အီမာန်ယုံကြည်‌သောသူများထဲတွင် ပါဝင်လိုက်ကြမည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek