Quran with Burmese translation - Surah Al-An‘am ayat 34 - الأنعَام - Page - Juz 7
﴿وَلَقَدۡ كُذِّبَتۡ رُسُلٞ مِّن قَبۡلِكَ فَصَبَرُواْ عَلَىٰ مَا كُذِّبُواْ وَأُوذُواْ حَتَّىٰٓ أَتَىٰهُمۡ نَصۡرُنَاۚ وَلَا مُبَدِّلَ لِكَلِمَٰتِ ٱللَّهِۚ وَلَقَدۡ جَآءَكَ مِن نَّبَإِيْ ٱلۡمُرۡسَلِينَ ﴾
[الأنعَام: 34]
﴿ولقد كذبت رسل من قبلك فصبروا على ما كذبوا وأوذوا حتى أتاهم﴾ [الأنعَام: 34]
Ba Sein ၃၄။ သင်မပွင့်မီ တမန်တော်မျာသည် ငြင်းဆန်ပစ်ပယ်ခြင်းကို အမှန်ပင်ခံကြရလေပြီ။ ငါအသျှင်မြတ်၏ ထောက်ပံ့စောင်မခြင်း သူတို့ထံသို့ရောက်လာသည်တိုင်အောင် သူတို့သည် ငြင်းပယ်ခြင်း၊ ညဉ်းပန်း နှိပ်စက်ခြင်း ဘေးဒုက္ခများကို သည်းခံနေကြရ၏။ အလ္လာဟ်အသျှင်မြတ်၏ အမိန့်တော်များကို မည်သူမျှ ပြုပြင် မပြောင်းလွှဲနိုင်ပေ။ ရှေးတမန်တော်အချို့တို့၏ အတ္ထုပတ္တိများသည် သင့်ထံသို့ ရောက်ရှိပြီးပြီ။ |
Ghazi Mohammad Hashim ၎င်းပြင် မချွတ်ဧကန် အသင့်အလျင် မြောက်မြားစွာသော ရစူလ်တမန်တော်များသည် မဟုတ်မမှန်ဟုငြင်းပယ်ခြင်း ခံခဲ့ကြရလေပြီ။ သို့ရာတွင် ထိုရစူလ်တမန်တော်တို့သည် မိမိတို့အား မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းကိုခံခဲ့ကြရခြင်း အပေါ်၌လည်းကောင်း၊ ဒုက္ခပေးခြင်းကို ခံခဲ့ကြရခြင်းအပေါ်၌လည်းကောင်း၊ သည်းခံခဲ့ကြလေသည်။ နောက်ဆုံးတွင် ငါအရှင်မြတ်၏အကူအညီသည် ထိုရစူလ်တမန်တော်များထံသို့ ရောက်ရှိလာခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်၏ မုက္ခပါဌ်တော်များကို မည်သူမျှပြောင်းလဲနိုင်သည်မဟုတ်ချေ။ စင်စစ်ဧကန် ရစူလ်တမန်တော်တို့၏ အချို့အကြောင်းသတင်းများသည် အသင့်ထံရောက်ရှိလာခဲ့ပြီးဖြစ်၏။ |
Hashim Tin Myint ၎င်းပြင် အမှန်ပင် အသင်၏မတိုင်မီက တမန်တော်များသည်လည်း မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းခံခဲ့ကြရသည်။ ထို့နောက် သူတို့သည် သူတို့အား မဟုတ်မမှန်ငြင်းပယ်ခြင်းခံရသည်များနှင့် ဒုက္ခပေးခြင်းခံခဲ့ကြရသည်များကို ငါအရှင်မြတ်၏ အကူအညီ သူတို့ထံ ရောက်သည်အထိ သည်းခံခဲ့ကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ စကားတော်များအား ပြောင်းလဲနိုင်သောသူ မည်သူမှ မရှိပေ။ ထို့ပြင် စေလွှတ်ခြင်းခံရသောသူ (တမန်တော်)များ၏အကြောင်းအရာ သတင်းများသည် အမှန်စင်စစ် အသင်၏ထံသို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ |