Quran with Burmese translation - Surah Al-An‘am ayat 35 - الأنعَام - Page - Juz 7
﴿وَإِن كَانَ كَبُرَ عَلَيۡكَ إِعۡرَاضُهُمۡ فَإِنِ ٱسۡتَطَعۡتَ أَن تَبۡتَغِيَ نَفَقٗا فِي ٱلۡأَرۡضِ أَوۡ سُلَّمٗا فِي ٱلسَّمَآءِ فَتَأۡتِيَهُم بِـَٔايَةٖۚ وَلَوۡ شَآءَ ٱللَّهُ لَجَمَعَهُمۡ عَلَى ٱلۡهُدَىٰۚ فَلَا تَكُونَنَّ مِنَ ٱلۡجَٰهِلِينَ ﴾
[الأنعَام: 35]
﴿وإن كان كبر عليك إعراضهم فإن استطعت أن تبتغي نفقا في الأرض﴾ [الأنعَام: 35]
Ba Sein ၃၅။ သူတို့၏ မနှစ်မြို့ခြင်းသည် သင့်အား လွန်စွာ နားကြည်းဖွယ်ဖြစ်လျှင် သူတို့ယုံကြည်မှုရှိအောင် သူတို့ထံသို့ အံ့ဖွယ်သရဲယူဆောင်လာရန် သင်သည် တတ်စွမ်းနိုင်လျှင် ပထဝီမြေထဲသို့ ဝင်သွားရာ လမ်းကိုသော်လည်းကောင်း၊ ကောင်းကင်ဘုံတက်ရာလှေကားကိုသော်လည်းကောင်း ရှာဖွေလော့။ အကယ်၍ အလ္လာဟ်အသျှင်မြတ် အလိုတော်ရှိတော်မူလေလျှင် အသျှင်မြတ်သည် သူတို့အားလုံးကို အဆုံးအမတော်သို့ ဆောင်တော်မူခဲ့ပေမည်။ ထို့ကြောင့် သင်သည် သူရူးတို့အထဲတွင် မပါဝင်လင့်။ |
Ghazi Mohammad Hashim သို့ရာတွင် (အို-နဗီတမန်တော်) အကယ်၍ ၎င်းတို့၏ လွှဲဖယ်တိမ်းရှောင်သွားခြင်းသည် အသင့် အပေါ်ဝယ်ရင်လေးဖွယ်ဖြစ်နေပါလျှင်၊ အသင်သည် တတ်စွမ်းနိုင်ပါကမြေအောက်တွင် လိုဏ်ခေါင်းတခုခု ကိုဖြစ်စေ၊ မိုးပေါ်သို့(တက်နိုင်ရန်) လှေကားတခုခု ကိုဖြစ်စေ၊ ရှာဖွေပြီးလျှင် ၎င်းတို့အဖို့ တန်ခိုးပြာဋိဟာ တစ်ရပ်ရပ်ကိုယူဆောင်ခဲ့ပါလေ။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါမူ၊ ၎င်းတို့အားလုံးကို တရားလမ်းမှန်ပေါ်၌ တစ်စည်းတစ်လုံးတည်း တည်ရှိစေတော်မူအံ့။ သို့ဖြစ်ပေရာ အသင်သည် အသိဉာဏ်ကင်းမဲ့သောသူတို့တွင် အပါအဝင်မဖြစ်ပါလေနှင့်။ |
Hashim Tin Myint ထို့ပြင် အကယ်၍ သူတို့၏မျက်နှာလွှဲ တိမ်းရှောင်သွားခြင်းသည် အသင်(တမန်တော်)၏အပေါ်တွင် လေးလံမှုဖြစ်နေလျှင် (မြေလျှိုး မိုးပျံရန်) မြေ(အောက်)တွင် လိုဏ်ခေါင်းတစ်ခု သို့မဟုတ် မိုးပေါ်(တက်သော)လှေကားတစ်ခုကို အသင်ရှာဖွေနိုင်စွမ်းရှိလျှင် သူတို့ထံသို့ သက်သေလက္ခဏာ တန်ခိုးတော်တစ်ခု ယူဆောင်ပြလိုက်ပါ။* (ထိုအရာများကို အသင် လုပ်နိုင်မည်မဟုတ်သည့်အတွက် သည်းခံစောင့်ဆိုင်းပါ)။ ထို့ပြင် အကယ်၍ အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူလျှင် သူတို့အားလုံးကို လမ်းမှန်ပေါ်၌ပင် စုစည်းထာတော်မူခဲ့မည် အမှန်ပင်။* သို့ဖြစ်ရာ အသင်သည် အသိဉာဏ်မဲ့သောသူများထဲတွင် မပါဝင်လေနှင့်။ |