Quran with Burmese translation - Surah Al-An‘am ayat 39 - الأنعَام - Page - Juz 7
﴿وَٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا صُمّٞ وَبُكۡمٞ فِي ٱلظُّلُمَٰتِۗ مَن يَشَإِ ٱللَّهُ يُضۡلِلۡهُ وَمَن يَشَأۡ يَجۡعَلۡهُ عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴾
[الأنعَام: 39]
﴿والذين كذبوا بآياتنا صم وبكم في الظلمات من يشأ الله يضلله ومن﴾ [الأنعَام: 39]
Ba Sein ၃၉။ အကြင်သူတို့သည် ငါအသျှင်မြတ်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်အံ့။ ထိုသူတို့သည် အမှောင်ထုထဲ၌ နားပင်းသူ၊ ဆွံ့အသူတို့ဖြစ်ကြ၏။ အလ္လာဟ်အသျှင်မြတ်သည် လမ်းမှားတွင် ပစ်ထားလိုတော်မူသောသူကို လမ်းမှားတွင် ပစ်ထားတော်မူ၏။ လမ်းမှန်ကိုရောက်စေလိုတော်မူသော သူကို လမ်းမှန်သို့ ပို့ဆောင်တော်မူ၏။ |
Ghazi Mohammad Hashim စင်စစ် ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်သော သူတို့ကား နားပင်းသူများနှင့် ဆွံ့အသူများပင်ဖြစ်ကြကုန်၏။ အမှောင်အမျိုးမျိုးတွင်(တဝဲလည်လည်)ရှိကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည်မိမိ အလိုရှိတော်မူသောသူအား (အမှန်တရားကိုသွေဖည်မှုကြောင့်) လမ်းလွဲ၌ပင် ရှိစေတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိတော်မူသော သူအား (မိမိ၏ကျေးဇူးတော်ဖြင့်) ဖြောင့်မတ် မှန်ကန်သောတရားလမ်းပေါ်၌ တည်စေတော်မူ၏။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ငြင်းပယ်သောသူများသည် အမှောင်များထဲတွင်ရှိကြသော နားပင်းသူများနှင့် ဆွံ့အသူများပင် ဖြစ်ကြသည်။* အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိသောသူကို (အမှန်ကို ငြင်းပယ်ခြင်းကြောင့်) လမ်းလွဲစေတော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အရှင်မြတ်အလိုရှိသောသူကို ဖြောင့်မတ်သောလမ်းပေါ်တွင် တည်ရှိစေတော်မူသည်။ |