Quran with Burmese translation - Surah Al-An‘am ayat 81 - الأنعَام - Page - Juz 7
﴿وَكَيۡفَ أَخَافُ مَآ أَشۡرَكۡتُمۡ وَلَا تَخَافُونَ أَنَّكُمۡ أَشۡرَكۡتُم بِٱللَّهِ مَا لَمۡ يُنَزِّلۡ بِهِۦ عَلَيۡكُمۡ سُلۡطَٰنٗاۚ فَأَيُّ ٱلۡفَرِيقَيۡنِ أَحَقُّ بِٱلۡأَمۡنِۖ إِن كُنتُمۡ تَعۡلَمُونَ ﴾
[الأنعَام: 81]
﴿وكيف أخاف ما أشركتم ولا تخافون أنكم أشركتم بالله ما لم ينـزل﴾ [الأنعَام: 81]
Ba Sein ၈၁။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့် အခြားအရာများကို ဖက်စပ်ကိုးကွယ်ဖို့ရာ မထိတ်လန့်ဘဲ အကျွနု်ပ်သည် သင်တို့၏ဘုရားဆင်းတုများကို အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။ ယင်း ဖက်စပ်ကိုးကွယ်ဖို့ရာ သင်တို့အား အလ္လာဟ်အသျှင်မြတ် ဗျာဒိတ်ပေးတော်မူပေ။ သင်တို့အသင်း၊ ကျွနု်ပ်တို့အသင်း၊ ဤအသင်းနှစ်ခုတွင် အဘယ်အသင်းက လုံခြံုမှုကို သာလွန်ရထိုက်သနည်း။ သင်တို့တွင် အသိဉာဏ်ရှိလျှင် အဖြေပေးကြလော့ဟု ဟောကြား၏။ |
Ghazi Mohammad Hashim ကျွန်ုပ်သည် အသင်တို့ တွဲဖက်ကိုးကွယ်ကြသောအရာများကို အဘယ်ကြောင့်ကြောက်ရမည်နည်း။ အမှန်စင်စစ်အားဖြင့် အသင်တို့သည် အကြင်အရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ ကိုးကွယ်ကြ၏။ ၎င်းအရာများနှင့်စပ်လျဉ်း၍ ထိုအရှင်မြတ်သည် အသင်တို့ထံ မည်သည့်သက်သေသာဓကကိုမျှ ချပေးသနားတော်မူခဲ့သည် မဟုတ်ပေ။(ဤသို့ပြုလုပ်ကြသည်ကိုပင်) အသင်တို့ မကြောက် မရွံ့ကြပေ။သို့ဖြစ်ရာ (အုပ်စုနှစ်စု)အနက် မည်သည့်အုပ်စုသည် ဘေးရန်ကင်းငြိမ်းခြင်းကို ပိုမို၍ ထိုက်သနည်း။ အကယ်၍ အသင်တို့သိကြပါလျှင် (ပြောကြလေကုန်)။(တစ်နည်း)၎င်းပြင် ငါသည် အသင်တို့တွဲဖက်ကိုး ကွယ်ကြသည်များကို အသို့လျှင် ကြောက်ရွံ့ရပါမည်နည်း။ အမှန်စင်စစ်မူကား အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ် အရှင်မြတ်က သက်သေသာဓက တစ်စုံတစ်ရာမျှပင် အလျင်း ချပေးသနားတော်မူခြင်းမပြုခဲ့သော အရာများကို ထိုအရှင် မြတ်နှင့်တွဲဖက်နှိုင်းယှဉ် ကိုးကွယ်နေကြသည် အမှန်ဖြစ်ပါလျက် နှင့်ပင်ကြောက်ရွံ့ စိုးရိမ်ကြသည် မရှိချေ။ သို့ဖြစ်ပေရာ အုပ်စုနှစ်စုက် မည်သည့်အုပ်စုကား ဘေးရန်ကင်း ငြိမ်းခြင်းနှင့် ပိုမို၍ထိုက်သည်ကို အသင်တို့သည် အကယ်၍ သိရှိကြပါလျှင်(ပြော၍ပြကြလေကုန်)။ |
Hashim Tin Myint ငါသည် အသင်တို့ တွဲဖက်ကိုးကွယ်ကြသောအရာများကို အဘယ့်ကြောင့် ကြောက်ရမည်နည်း။ ၎င်းပြင် အသင်တို့သည် အသင်တို့အပေါ်တွင် အလ္လာဟ်အရှင်မြတ်က သက်သေသာဓကတစ်ခုမျှ ချမပေးခဲ့သောအရာများအား အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်နေကြသည်ကို အမှန်ပင် အသင်တို့ မကြောက်ရွံ့ကြပေ။ သို့ဖြစ်ရာ အုပ်စုနှစ်စုထဲမှ မည်သည့်အုပ်စုသည် ငြိမ်းချမ်းမှုနှင့် ပိုထိုက်သည်ဆိုသည်ကို အကယ်၍ အသင်တို့သိကြလျှင် (ပြောပြကြပါ)။ |