Quran with Burmese translation - Surah Al-An‘am ayat 9 - الأنعَام - Page - Juz 7
﴿وَلَوۡ جَعَلۡنَٰهُ مَلَكٗا لَّجَعَلۡنَٰهُ رَجُلٗا وَلَلَبَسۡنَا عَلَيۡهِم مَّا يَلۡبِسُونَ ﴾
[الأنعَام: 9]
﴿ولو جعلناه ملكا لجعلناه رجلا وللبسنا عليهم ما يلبسون﴾ [الأنعَام: 9]
Ba Sein ၉။ အကယ်၍ ငါအသျှင်မြတ်သည် ကောင်းကင်တမန်တော်တစ်ပါးကို လူသားအပေါင်းတို့ထံ တမန်တော်အဖြစ်ဖြင့် စေလွှတ်တော်မူခဲ့လျှင် ထိုတမန်တော် လူသားတို့အား ဟောကြားနိုင်ရန် သူ့ကို လူသားကဲ့သို့ အမှန်ပင် ငါစီရင်တော်မူခဲ့ပေမည်။ ယင်းအခါ သူတို့ကို ယခုမထင်မရှား လုပ်ထားသော တရားတော်သည် ပိုမိုရှုပ်ထွေးသွားပေမည်။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အကယ်၍သာ ငါအရှင်မြတ်သည်၎င်း(ရစူလ်တမန်တော်)အား ကောင်းကင်တမန် တစ်ပါးပြုလုပ်တော်မူခဲ့ပါလျှင် မုချဧကန် ငါအရှင်မြတ်သည် ထိုကောင်းကင်တမန်ကိုလည်း (ရုပ်ဆင်းသဏ္ဍာန်အားဖြင့်လူ)ယောက်ျားသာလျှင် ပြုလုပ်တော်မူမည်ဖြစ်သည်။ ၎င်းပြင်ငါအရှင်မြတ်သည် ထိုသူတို့အား (ယခု) ထိုသူများ ယုံမှားသံသယ ဖြစ်သကဲ့သို့ပင် (ထပ်မံ၍) မုချ ယုံမှားသံသယ ဖြစ်စေတော်မူမည် ဖြစ်၏။ |
Hashim Tin Myint ထို့ပြင် အကယ်၍ ငါအရှင်မြတ်သည် ၎င်း(လူသားတမန်တော်)ကို ကောင်းကင်တမန်တစ်ပါးအဖြစ် ပြုလုပ်တော်မူခဲ့လျှင် အမှန်စင်စစ် ငါအရှင်မြတ်သည် ထိုကောင်းကင်တမန်ကိုလည်း (သူတို့ကြည့်မြင်နိုင်သော ပုံသဏ္ဍာန်ရှိသောလူ)ယောက်ျားပင် ပြုလုပ်ရမည်ဖြစ်သည်။ ထို့နောက် ငါအရှင်မြတ်သည် သူတို့ သံသယဖြစ်နေသော အရာထဲ၌ပင် (ထပ်ပြီး) သူတို့အပေါ်တွင် သံသယဖြစ်စေတော်မူဦးမည်ပင်ဖြစ်သည်။ |