×

(အလ္လာဟ်အရှင်မြတ်၏တန်ခိုးစွမ်းအားတော်နှင့်စစ်မှန်သော စီရင်ပြဋ္ဌာန်းခြင်း အခွင့်အာဏာကို သူတို့၏ စွမ်းရည်ဖြင့် မခန့်မှန်းနိုင်သော်လည်း) အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အနက်မှ တမန်တော်များကို ရွေးချယ်တော်မူ၍ အမိန့်ပညတ်ချက်များအား ချမှတ်ပေးတော်မူခြင်းနှင့်စပ်လျဉ်း၍ 6:91 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:91) ayat 91 in Burmese

6:91 Surah Al-An‘am ayat 91 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 91 - الأنعَام - Page - Juz 7

﴿وَمَا قَدَرُواْ ٱللَّهَ حَقَّ قَدۡرِهِۦٓ إِذۡ قَالُواْ مَآ أَنزَلَ ٱللَّهُ عَلَىٰ بَشَرٖ مِّن شَيۡءٖۗ قُلۡ مَنۡ أَنزَلَ ٱلۡكِتَٰبَ ٱلَّذِي جَآءَ بِهِۦ مُوسَىٰ نُورٗا وَهُدٗى لِّلنَّاسِۖ تَجۡعَلُونَهُۥ قَرَاطِيسَ تُبۡدُونَهَا وَتُخۡفُونَ كَثِيرٗاۖ وَعُلِّمۡتُم مَّا لَمۡ تَعۡلَمُوٓاْ أَنتُمۡ وَلَآ ءَابَآؤُكُمۡۖ قُلِ ٱللَّهُۖ ثُمَّ ذَرۡهُمۡ فِي خَوۡضِهِمۡ يَلۡعَبُونَ ﴾
[الأنعَام: 91]

(အလ္လာဟ်အရှင်မြတ်၏တန်ခိုးစွမ်းအားတော်နှင့်စစ်မှန်သော စီရင်ပြဋ္ဌာန်းခြင်း အခွင့်အာဏာကို သူတို့၏ စွမ်းရည်ဖြင့် မခန့်မှန်းနိုင်သော်လည်း) အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အနက်မှ တမန်တော်များကို ရွေးချယ်တော်မူ၍ အမိန့်ပညတ်ချက်များအား ချမှတ်ပေးတော်မူခြင်းနှင့်စပ်လျဉ်း၍ ဂျူးအချို့က) မည်သည့် လူသားတစ်ဦးတစ်ယောက်အပေါ်မျှ တစ်စုံတစ်ခုချပေးတော်မူရန် အလ္လာဟ်အရှင်မြတ်၌ စွမ်းအားမရှိဟု ပြောဆို ခဲ့ကြ၏။ “သင်တို့နှင့်သင်တို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့က မသိနားမလည်သောအရာများကို သင်တို့အား လမ်းညွှန်သွန်သင်ခဲ့ပြီး လူသားတို့အတွက် လမ်းညွှန်တော်နှင့်အလင်းတော်တို့ကို ချမှတ်ပေးအပ်တော်မူခဲ့ရာ သင်တို့သည် ယင်းကို သားရေပုရပိုက်ပြုလုပ်၍ ထုတ်ဖော်ခဲ့ကြသော်လည်း ယင်းမှ အချက်အလက်အများစုကိုမူ ထိန်ချန်ဖုံး ကွယ်ထားခဲ့ကြ၏။ တမန်တော်မူဆာသည် အသင်တို့ထံရောက်လာခဲ့စဉ်သူနှင့်အတူ ယူဆောင်လာခဲ့သော ကျမ်းတော်ကို မည်သူချမှတ်ပေးအပ်သနည်း။” ဟု မေးမြန်းလော့။

❮ Previous Next ❯

ترجمة: وما قدروا الله حق قدره إذ قالوا ما أنـزل الله على بشر, باللغة البورمية

﴿وما قدروا الله حق قدره إذ قالوا ما أنـزل الله على بشر﴾ [الأنعَام: 91]

Ba Sein
၉၁။ အလ္လာဟ်အသျှင်မြတ်သည် လူသားထဲမှတစ်ဦးတစ်ယောက်မျှ ဗျာဒိတ်ကျမ်းတော်ကို ချပေးသနား တော်မမူဟု သူတို့ဆိုသောအခါ သူတို့သည် အသျှင်မြတ်၏ တန်ခိုးတော်အနန္တကို သိထိုက်သလောက် မသိကြပေ။ ယင်းသို့ပြောဆိုသော ယဟူဒီလူမျိုးတို့အား သင်ဟောကြားလော့။ ဟယ်-အချင်းတို့ တမန်တော်မူဆာ ယူဆောင်လာသောကျမ်းတော်ကို အဘယ်သူချပေးသနည်း။ ထိုကျမ်းတော်သည် လူသားအပေါင်းတို့အဖို့ရာ အလင်းရောင်နှင့် နည်းပြလမ်းညွှန်တော်ဖြစ်၏။ ထိုကျမ်းတော်ကို သင်တို့ စက္ကူများပေါ်တွင် ရေးတင်ထား၍ပြကြ၏။ ထိုကျမ်းတော်အားဖြင့် သင်တို့အား သင်တို့ကိုယ်တိုင် သော်လည်းကောင်း၊ သင်တို့ မိဘဘိုးဘွားတို့သော်လည်းကောင်း၊ မသိသောအရာများကို သွန်သင် ဆုံးမတော်မူ၏။ သင်သည် အလ္လာဟ်ဟုဆိုလော့။ ထို့နောက်သူတို့အား သူတို့၏ အကျိုးမရှိသော ဟောပြောခြင်း၌ စွန့်ပစ်ထားလော့။
Ghazi Mohammad Hashim
စင်စစ်သော်ကား ၎င်းတို့က ‘အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသား တစ်ဦးတစ်ယောက်၏အပေါ် ၌မျှမည်သည့်တစ်စုံတစ်ရာကိုမျှ ချပေးသနားတော်မူခဲ့သည်မဟုတ်’ဟု ပြောဆိုကြသည့်အခါ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားသိရန် တာဝန်ရှိသည်နှင့်အညီ နက်နဲစွာမသိခဲ့ ကြချေ။ (အိုနဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)မေးမြန်းပါလေ။ မူစာသည် လူတို့အဖို့ ရောင်ခြည်တော်အဖြစ်လည်းကောင်း၊ တရားဓမ္မအဖြစ်လည်းကောင်း၊ ယူဆောင်လာသောကျမ်းဂန်ကို မည်သူသည် ချပေးခဲ့ ပါသနည်း။ အသင်တို့သည်ထိုကျမ်းဂန်ကို(အဖိုးမတန်သော)စက္ကူများ(ပမာ) ပြုလုပ်ထားကြ၏။ အသင်တို့သည် ထိုစက္ကူများ(၏အချို့အစိတ်အပိုင်း)ကို ထင်ရှားစေကြကုန်၏။ သို့ရာတွင် အသင်တို့သည် များစွာ(သောအစိတ်အပိုင်းတို့)ကိုမူ ထိန်ချန်လျှို့ဝှက်ထားကြလေသည်။ စင်စစ်သော်ကား အသင်တို့သည် (ထိုကျမ်းဂန်အားဖြင့်)အကြင်အရာများကို သင်ကြားပို့ချခြင်း ခံခဲ့ကြရလေသည်။ထိုအရာများကို အသင်တို့ ကိုယ်တိုင်လည်း မသိရှိခဲ့ကြချေ။အသင်တို့ ၏ အဖ ဘိုးဘေးတို့သည်လည်း မသိခဲ့ချေ။ (အိုနဗီတမန်တော်) အသင်သည် (၎င်းတို့အား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ထိုကျမ်းဂန်ကို ချပေးသနားတော်မူခဲ့သည်)ဟူ၍ ပြောကြားပါလေ။ ထို့နောက် အသင်သည် ယင်းသို့သူတို့အား ၎င်းတို့အကြောင်းမတန်သော ကိစ္စများတွင်ကစားခုန်စား လျက်သာ ပစ်ထားပါလေ။
Hashim Tin Myint
ထို့ပြင် “အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသားအ‌ပေါ်မှာ မည်သည့်အရာမျှ ချမ‌ပေးခဲ့ပါ“ဟူ၍ သူတို့က ‌ပြောဆိုကြ‌သောအခါ သူတို့သည် အလ္လာဟ်အရှင်မြတ်အား ‌လေးစားထိုက်သည်ခန့် မ‌လေးစားခဲ့ကြ‌ပေ။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- (တမန်‌တော်)မူစာသည် လူများအတွက် လင်း‌ရောင်ခြည်အဖြစ်နှင့် တရားလမ်းညွှန်အဖြစ် ယူ‌ဆောင်လာခဲ့‌သော ကျမ်းဂန်ကို မည်သူချ‌ပေးခဲ့သနည်း။ အသင်တို့သည် ထိုကျမ်းဂန်ကို ‌ရေးမှတ်စရာများနှင့် ပြုလုပ်(‌ရေးသား)ထားခဲ့ကြသည်။ အသင်တို့သည် ထိုအရာများ(၏ အချို့)ကို ‌ဖော်ထုတ်ပြသကြပြီး အများအပြားကိုမူ ထိမ်ချန်လျှို့ဝှက်ထားကြသည်။ ထို့ပြင် အသင်တို့သည် အသင်တို့၏ အဘ၊ အဘိုး၊ ‌ဘေးများ မသိရှိခဲ့ကြ‌သောအရာများကို သင်ကြားပို့ချခြင်းခံခဲ့ကြရသည်။ (အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- “အလ္လာဟ်အရှင်မြတ်သည်ပင် (ထိုကျမ်းဂန်ကို ချ‌ပေး‌တော်မူ‌သောအရှင်)ဖြစ်‌တော်မူသည်“။ ထို့‌နောက် အသင်သည် သူတို့အား (သူတို့၏ အကျိုးမဲ့ မှားယွင်းစွာ ‌ပြောဆိုမှုများထဲ၌) နစ်မွန်း‌ပြောဆိုကစား‌နေကြသည့်အတိုင်းသာ စွန့်ပစ်ထားလိုက်ပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek