×

အမှန်စင်စစ်၊ လိမ်လည်လှည့်စားမှုများကို မဟုတ်မတရား ကြံဖန်လီဆယ်၍ အလ္လာဟ်အရှင်မြတ်အပေါ် အပြစ်ပုံချသည့်သူထက် သို့မဟုတ် သူ့အပေါ် မည်သည့် အရှင့်ဝဟီအမိန့်တော်မျှ ထုတ်ပြန်ခြင်းမခံရဘဲ ကျွန်ုပ် 6:93 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:93) ayat 93 in Burmese

6:93 Surah Al-An‘am ayat 93 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 93 - الأنعَام - Page - Juz 7

﴿وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا أَوۡ قَالَ أُوحِيَ إِلَيَّ وَلَمۡ يُوحَ إِلَيۡهِ شَيۡءٞ وَمَن قَالَ سَأُنزِلُ مِثۡلَ مَآ أَنزَلَ ٱللَّهُۗ وَلَوۡ تَرَىٰٓ إِذِ ٱلظَّٰلِمُونَ فِي غَمَرَٰتِ ٱلۡمَوۡتِ وَٱلۡمَلَٰٓئِكَةُ بَاسِطُوٓاْ أَيۡدِيهِمۡ أَخۡرِجُوٓاْ أَنفُسَكُمُۖ ٱلۡيَوۡمَ تُجۡزَوۡنَ عَذَابَ ٱلۡهُونِ بِمَا كُنتُمۡ تَقُولُونَ عَلَى ٱللَّهِ غَيۡرَ ٱلۡحَقِّ وَكُنتُمۡ عَنۡ ءَايَٰتِهِۦ تَسۡتَكۡبِرُونَ ﴾
[الأنعَام: 93]

အမှန်စင်စစ်၊ လိမ်လည်လှည့်စားမှုများကို မဟုတ်မတရား ကြံဖန်လီဆယ်၍ အလ္လာဟ်အရှင်မြတ်အပေါ် အပြစ်ပုံချသည့်သူထက် သို့မဟုတ် သူ့အပေါ် မည်သည့် အရှင့်ဝဟီအမိန့်တော်မျှ ထုတ်ပြန်ခြင်းမခံရဘဲ ကျွန်ုပ် အပေါ် ဝဟီအမိန့်တော်ထုတ်ပြန်ပို့ချပါ၏။ လိမ်လည်ပြောဆိုသူထက် ပိုမို၍ မတရားစည်းမျဉ်းချိုးဖောက်လျက် မမှန်မကန် ပြုလုပ်သူ မည်သူ ရှိမည်နည်း။ ထိုသူသည် မကြာမီ အလ္လာဟ်အရှင်မြတ် ချမှတ်ပေးအပ်တော်မူသည့် အမိန့်ပညတ်ချက်များပမာ ငါလည်းချမှတ်ပေးအပ်လိမ့်မည်ဟု ပြောဆိုမည့်သူပင် ဖြစ်၏။ သို့သော် အကယ်၍ ထိုစည်းမျဉ်းချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုလုပ်ကြသူတို့အား ကွယ်လွန်ချိန် သေခြင်းတရား၏ ဝေဒနာများကို မချိမဆံ့ခံစားနေသည့်အခြေအနေတွင် တွေ့မြင်ခဲ့လျှင် မလာအီကာစေတမန်များသည် သူတို့၏ လက်များကို ဆွဲဆန့်၍ “သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလို ဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) များကို လောကီတာဝန်များမှ အနားပေးရန် ထွက်လာကြ။” ဟု ပြောဆိုကြမည်ကို တွေ့ရလိမ့်မည်။ ထိုနေ့သည် သူတို့လောကီဘဝတွင် အမှန်တရားသစ္စာ မဟုတ်သော သူတို့၏လိမ်ညာမှုများကို အလ္လာဟ်အရှင်မြတ်အပေါ် အပြစ်ပုံချ ပြောဆိုခဲ့ကြခြင်းကြောင့်လည်း ကောင်း၊ သင်တို့သည် မာနထောင်လွှားကြသူများပီပီ အရှင့်အာယာသ်သက်သေလက္ခဏာတော်များမှ ရှောင်ပြေး ကြသောကြောင့်လည်းကောင်း၊ အကျိုးဆက်အဖြစ် ယုတ်ညံ့သိမ်ဖျင်းစေသော ပြစ်ဒဏ်ကို ခံစားရလိမ့်မည်။

❮ Previous Next ❯

ترجمة: ومن أظلم ممن افترى على الله كذبا أو قال أوحي إلي ولم, باللغة البورمية

﴿ومن أظلم ممن افترى على الله كذبا أو قال أوحي إلي ولم﴾ [الأنعَام: 93]

Ba Sein
၉၃။ အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မဟုတ်မမှန်လုပ်ကြံပြောဆိုသူထက်သော်လည်းကောင်း၊ မိမိထံသို့ ဗျာဒိတ်တော်မကျဘဲ အကျွနု်ပ် ဗျာဒိတ်တော်ရသည်ဟုဆိုသောသူထက်သော် လည်းကောင်း၊ အလ္လာဟ်အသျှင်မြတ်ချပေးတော်မူသောကျမ်းတော်နှင့်တူသော ကျမ်းတစ်စောင်ကို အကျွနု်ပ်စီရင်ရေးသားမည်ဟု ပြောသူထက်သော်လည်းကောင်း၊ ပြစ်မှုပိုမိုကျူးလွန်သောသူ ရှိသေး သလော။ ပြစ်မှုကျူးလွန်သူတို့သည် အသက်ထွက်ခြင်းဝေဒနာများကို ခံစားရ၍ ကောင်းကင် တမန်တော်များ လက်ဆန့်၍ သင်တို့၏ဝိညာဉ်ကို ပေးအပ်ကြသလောဟုပြောကြ၏။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မှန်ကန်သောစကားမှတစ်ပါး အခြားစကားကိုသာ ဆိုသောကြောင့် သင်တို့သည် ယနေ့ ဂုဏ်ရှိန်ညံ့ဖျင်း၍ အရှက်တကွဲအပြစ်ဒဏ်ကိုသာ ခံစားကြလော့။ သင်တို့သည် အသျှင်မြတ်၏ သက်သေသာဓကတော်များကို မထီလေးစားပြုကြ၏ဟု ပြောဆိုကြ၏။ ထိုဖြစ်ပုံကို သင်မြင်ရလျှင် ကောင်းလေစွ။
Ghazi Mohammad Hashim
အမှန်စင်စစ်သော်ကား အကြင်သူထက်ပိုမို၍မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ တစ်စုံတစ်ရာ မဟုတ်မမှန်ကို ကြံဖန်လီဆယ်၍ ယိုးစွပ်လေသည်။ သို့မဟုတ် ထိုသူသည် မိမိအပေါ်၌ဝဟ်ယ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကျရောက်သည်ဟု ပြောဆိုလေသည်။ အမှန်မှာကား ၎င်း၏အပေါ်ဝယ် မည်သည့်အမိန့်တော် တစ်စုံတစ်ရာမျှကျရောက်သည်မရှိချေ။ထိုနည်းတူစွာ (အကြင်သူထက် ပိုမို၍ မတရားသောသူကားမည်သူရှိအံ့နည်း၊) ထိုသူက အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူဘိသကဲ့ သို့ပင် ကျွန်ုပ်သည်လည်း မကြာမီ (ထိုကဲ့သို့သော မုက္ခပါဋ္ဌ်တော်များကို) ချပေးအံ့ဟု ပြောဆိုလေ၏။အကယ်၍သာ အသင်သည် အကြင်အခါ၌ တွေ့မြင်ရပါမူကောင်းလေစွ၊ ထိုအခါဝယ် (ယင်း) မတရားပြုမူသော သူတို့သည် မရဏ သေခြင်း တရား၏ပြင်းထန်မှု၊ (ဒုက္ခများ)တို့၌ကျရောက် လျက်ရှိကြကုန်အံ့၊ ၎င်းပြင် မလာအိကဟ် ကောင်းကင်တမန်များသည် မိမိတို့၏လက်များကို(၎င်းတို့ဖက်သို့)ကမ်းလျက် (အသင်တို့သည် မိမိတို့၏ အသက်ဇီဝိန်များကို (အလျင်အမြန်)ထုတ်(၍ပေး)ကြလေကုန်။ ယနေ့မူကား အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မမှန်ကန်သောစကားကို ကြံဖန်လီဆယ်၍ ပြောဆိုကြသောကြောင့်၎င်း၊ ထိုအရှင် မြတ်၏သက်သေလက္ခဏာများကို မထီမဲ့မြင် ပြုပြင်ကြသောကြောင့်လည်းကောင်း၊ ယုတ်ညံ့ သိမ်ဖျင်းစေသော ပြစ်ဒဏ်ကို ခံစားကြရလတ္တံ့၊ (ဟုပြောဆိုကြကုန်အံ့၊)
Hashim Tin Myint
ထို့ပြင် အကြင်သူထက် ပို၍မတရားသူသည် မည်သူရှိသနည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်တွင် မုသား‌ပြောဆို လုပ်ကြံစွပ်စွဲသည်။* သို့မဟုတ် ထိုသူသည် သူ၏အ‌ပေါ်တွင် ဝဟီ အမိန့်‌တော်ကျ‌ရောက်သည်ဟု ‌ပြောဆိုသည်။* ထို့‌နောက်လည်း သူ၏အ‌ပေါ်တွင် မည်သည့်အမိန့်တစ်ခုမျှ ကျ‌ရောက်ခဲ့ခြင်းမရှိ‌ပေ။ ထို့ပြင် (အကြင်သူထက် ပို၍မတရားသူသည် မည်သူရှိသနည်း) ထိုသူသည် အလ္လာဟ်အရှင်မြတ် ချ‌ပေး‌တော်မူသကဲ့သို့ ကျွန်ုပ်လည်း မကြာမီ (ထိုကဲ့သို့ အာယသ်များကို)ချ‌ပေးမည်ဟု ‌ပြောဆိုသည်။ အကယ်၍ အသင်(တမန်‌တော်)သည် အကြင်အခါ၌ ‌တွေ့မြင်နိုင်လျှင် ‌ကောင်း‌လေစွပင်၊ ထိုအခါ၌ မတရားလုပ်သူများသည် ‌သေခြင်း၏ပြင်းထန်(စွာ ခံစားရ)မှုများတွင် ရှိ‌နေကြလိမ့်မည်။ ၎င်းပြင် ‌ကောင်းကင်တမန်များသည် သူတို့၏လက်များကိုဖြန့်လျက် (ဤသို့ ‌ပြောကြမည်) “အသင်တို့သည် အသင်တို့၏ အသက်များအား ထုတ်(‌ပေး)ကြပါ။* ယ‌နေ့၌မူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အ‌ပေါ်၌ မဟုတ်မမှန် လုပ်ကြံ‌ပြောဆိုသည်သာမက အရှင်မြတ်၏ သက်‌သေလက္ခဏာများမှ မာန‌ထောင်လွှား‌နေကြသည့်အတွက်‌ကြောင့် ‌သေးသိမ်‌စေ‌သောပြစ်ဒဏ်ကို ခံစားကြရမည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek