×

သို့ရာတွင် သူတို့သည် သူတို့၏လက်များဖြင့် (ပြုမူကျင့်ကြံ၍ နောင်တမလွန်၌ အရေးယူခံကြရရန်) ကြိုတင်ပို့နှင့်ခဲ့သောကျင့်ဆောင်မှုတို့ကြောင့် ယင်းမရဏသေခြင်းတရားကို မည်သည့်အခါမျှပင် (ဆန္ဒပြင်းပြလျက်) လိုလားတောင့်တကြမည် မဟုတ်ပေ။ 62:7 Burmese translation

Quran infoBurmeseSurah Al-Jumu‘ah ⮕ (62:7) ayat 7 in Burmese

62:7 Surah Al-Jumu‘ah ayat 7 in Burmese (البورمية)

Quran with Burmese translation - Surah Al-Jumu‘ah ayat 7 - الجُمعَة - Page - Juz 28

﴿وَلَا يَتَمَنَّوۡنَهُۥٓ أَبَدَۢا بِمَا قَدَّمَتۡ أَيۡدِيهِمۡۚ وَٱللَّهُ عَلِيمُۢ بِٱلظَّٰلِمِينَ ﴾
[الجُمعَة: 7]

သို့ရာတွင် သူတို့သည် သူတို့၏လက်များဖြင့် (ပြုမူကျင့်ကြံ၍ နောင်တမလွန်၌ အရေးယူခံကြရရန်) ကြိုတင်ပို့နှင့်ခဲ့သောကျင့်ဆောင်မှုတို့ကြောင့် ယင်းမရဏသေခြင်းတရားကို မည်သည့်အခါမျှပင် (ဆန္ဒပြင်းပြလျက်) လိုလားတောင့်တကြမည် မဟုတ်ပေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့နှင့်ပတ်သက်၍ (အသေးစိတ်အချက်အလက်များကို အကြွင်းမဲ့) သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ولا يتمنونه أبدا بما قدمت أيديهم والله عليم بالظالمين, باللغة البورمية

﴿ولا يتمنونه أبدا بما قدمت أيديهم والله عليم بالظالمين﴾ [الجُمعَة: 7]

Ba Sein
၇။ အမှန်မှာ နောင်တမလွန်ဘဝသို့ မိမိတို့လက်ဖြင့် တင်ကြိုပို့ထားနှင့်ပြီးဖြစ်သောပြုကျင့်မှုများကြောင့် သူတို့သည် ဘယ်အခါကာလမှ သေလိုကြမည်မဟုတ်ချေ၊ အလ္လာဟ်အရှင်မြတ်သည် မကောင်းမှုပြုလုပ်သူများကို အကုန်အစင်သိတော်မူ၏။
Ghazi Mohammad Hashim
သို့ရာတွင် ၎င်းတို့သည် မိမိတို့၏လက်များက တင်ကြိုပို့နှင့်ခဲ့သော အကျင့်အမူတို့ကြောင့် ယင်း ‘မရဏ’ သေခြင်းတရားကို မည်သည့်အခါမျှပင် တောင့်တ ဆန္ဒပြုကြမည်မဟုတ်ပြီ။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် မတရားသောသူတို့အား ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
Hashim Tin Myint
ထို့ပြင် သူတို့သည် သူတို့၏လက်များက ကြိုတင်ပို့ထားခဲ့‌သောလုပ်ရပ်များ‌ကြောင့် ထို‌သေခြင်းကို မည်သည့်အခါမှ‌တောင့်တကြမည်မဟုတ်‌ပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ် သည် မတရားသူများကို အလွန်သိ‌တော်မူ‌သော အရှင်မြတ်ပင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek