Quran with Burmese translation - Surah At-Taghabun ayat 17 - التغَابُن - Page - Juz 28
﴿إِن تُقۡرِضُواْ ٱللَّهَ قَرۡضًا حَسَنٗا يُضَٰعِفۡهُ لَكُمۡ وَيَغۡفِرۡ لَكُمۡۚ وَٱللَّهُ شَكُورٌ حَلِيمٌ ﴾
[التغَابُن: 17]
﴿إن تقرضوا الله قرضا حسنا يضاعفه لكم ويغفر لكم والله شكور حليم﴾ [التغَابُن: 17]
Ba Sein ၁၇။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းသောမြီချအံ့၊ အရှင်မြတ်သည် ထိုမြီကြွေးကို နှစ်ဆတိုးပွားစေ တော်မူလျက် သင်တို့၏ အပြစ်များကို လွှတ်တော်မူလတံ့၊ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အကျိုးတုံ့ပြန်တတ်တော်မူ၏၊ ထောက်ထားညှာတာတော်မူ၏။ |
Ghazi Mohammad Hashim အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ်စွာ ချေးငှားကြသည်ရှိသော် ထိုအရှင်မြတ်သည် အသင်တို့အဖို့ ယင်းချေးငှားခြင်းကို ဆထက် တိုးပွားတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အား ခွင့်လွှတ်ချမ်းသာပေးတော် မူပေမည်။ စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင်၊ အလွန်တရာ သည်းခံခြင်းတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။ |
Hashim Tin Myint အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကောင်းမွန်သော ချေးငှားခြင်းနှင့် ချေးငှားကြလျှင် အရှင်မြတ်သည် အသင်တို့အတွက် ထိုချေးငှားခြင်းကို ဆထက်ထမ်း ပိုးတိုးပွားပေးတော်မူမည်။ ထို့ပြင်အရှင်မြတ်သည် အသင်တို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်အကျိုးကျေးဇူးပြုအစားပေး တော်မူသောအရှင်၊ အလွန်ထောက်ထားညှာတာ သည်းခံဆိုင်းငံ့တော်မူသောအရှင်ဖြစ်တော်မူသည်။ |