×

ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသည့်အပြင် သင်တို့လျှို့ဝှက်ထိန်ချန်ကွယ်ဝှက်ထားသမျှနှင့် (ဝင့်ကြွားစွာဖြင့်) ထုတ်ဖော်ဖွင့်ဟသမျှတို့ကိုလည်း အကြွင်းမဲ့ သိတော်မူနေ၏။ အမှန်စင်စစ်၊ ထိုအရှင်မြတ်သည် 64:4 Burmese translation

Quran infoBurmeseSurah At-Taghabun ⮕ (64:4) ayat 4 in Burmese

64:4 Surah At-Taghabun ayat 4 in Burmese (البورمية)

Quran with Burmese translation - Surah At-Taghabun ayat 4 - التغَابُن - Page - Juz 28

﴿يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَيَعۡلَمُ مَا تُسِرُّونَ وَمَا تُعۡلِنُونَۚ وَٱللَّهُ عَلِيمُۢ بِذَاتِ ٱلصُّدُورِ ﴾
[التغَابُن: 4]

ထိုအရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိသမျှအရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသည့်အပြင် သင်တို့လျှို့ဝှက်ထိန်ချန်ကွယ်ဝှက်ထားသမျှနှင့် (ဝင့်ကြွားစွာဖြင့်) ထုတ်ဖော်ဖွင့်ဟသမျှတို့ကိုလည်း အကြွင်းမဲ့ သိတော်မူနေ၏။ အမှန်စင်စစ်၊ ထိုအရှင်မြတ်သည် (လူသားတို့၏) စိတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့နှင့်ပတ်သက်၍ အကြွင်းမဲ့သိနေတော်မူသောအရှင်ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: يعلم ما في السموات والأرض ويعلم ما تسرون وما تعلنون والله عليم, باللغة البورمية

﴿يعلم ما في السموات والأرض ويعلم ما تسرون وما تعلنون والله عليم﴾ [التغَابُن: 4]

Ba Sein
၄။ အရှင်မြတ်သည် အထက်ကောင်းကင်ဘုံ အောက်မဟာပထဝီမြေကြီးပေါ်ဝယ် ရှိရှိသမျှအလုံးစုံကို လုံးဝသိတော် မူ၏၊ ထို့အပြင်သင်တို့ဖုံးထားသောအရာကိုသော်လည်းကောင်း၊ ဖော်ပြသောအရာကိုသော် လည်းကောင်း သိ တော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ ရင်ဘတ်များအတွင်းရှိသည်ကို အကြွင်းမဲ့သိတော်မူ၏။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိရှိသမျှတို့ကို သိရှိတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ လျှို့ဝှက်စွာ ပြုလုပ်သမျှတို့ကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစွာ ပြုလုပ်သမျှတို့ကိုလည်းကောင်း၊ သိရှိတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများအတွင်း၌ ရှိသမျှတို့ကိုလည်း အကြွင်းမဲ့ သိရှိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
Hashim Tin Myint
အရှင်မြတ်သည် မိုး‌ကောင်းကင်များနှင့် ‌မြေပထဝီတွင်ရှိသမျှကို သိရှိ‌တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့လျှို့ဝှက်ပြုလုပ်သည့်အရာများနှင့် အသင်တို့ အထင်အရှားပြုလုပ်သည့်အရာများကို သိရှိ‌တော်မူသည်။ ထို့ပြင်အလ္လာဟ်အရှင်မြတ်သည် စိတ်နှလုံးများထဲတွင် ရှိသမျှတို့ကိုလည်းအကြွင်းမဲ့သိ‌တော်မူ‌သောအရှင်ဖြစ်‌တော်မူသည်။###၁
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek