×

သင်တို့အလျင် ရှိခဲ့ကြသော (သမိုင်းဝင် မကောင်းမှုအကုသိုလ်အတွက် သင်ခန်းစာယူဖွယ်ရာကောင်းသော) မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏ပြုမူကျင့်ဆောင်မှုဆိုင်ရာ စီမံချက်အရေးကိစ္စကြောင့် အကျိုးဆက်အဖြစ် အရေးယူမှုကို 64:5 Burmese translation

Quran infoBurmeseSurah At-Taghabun ⮕ (64:5) ayat 5 in Burmese

64:5 Surah At-Taghabun ayat 5 in Burmese (البورمية)

Quran with Burmese translation - Surah At-Taghabun ayat 5 - التغَابُن - Page - Juz 28

﴿أَلَمۡ يَأۡتِكُمۡ نَبَؤُاْ ٱلَّذِينَ كَفَرُواْ مِن قَبۡلُ فَذَاقُواْ وَبَالَ أَمۡرِهِمۡ وَلَهُمۡ عَذَابٌ أَلِيمٞ ﴾
[التغَابُن: 5]

သင်တို့အလျင် ရှိခဲ့ကြသော (သမိုင်းဝင် မကောင်းမှုအကုသိုလ်အတွက် သင်ခန်းစာယူဖွယ်ရာကောင်းသော) မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့၏ပြုမူကျင့်ဆောင်မှုဆိုင်ရာ စီမံချက်အရေးကိစ္စကြောင့် အကျိုးဆက်အဖြစ် အရေးယူမှုကို မြည်းစမ်းစေတော်မူခဲ့ခြင်းနှင့်စပ်လျဥ်းသည့် သတင်းအချက်အလက်များ သင်တို့ထံ ရောက်ခဲ့ပြီ မဟုတ်လော။ ထို့ပြင် (နောင်တမလွန်ဘဝတွင်လည်း) သူတို့အတွက် ပြင်းပြ နာကျင်ဖွယ်ရာ စူးနစ်သောပြစ်ဒဏ်သည်လည်း ရှိချေဦးမည်။

❮ Previous Next ❯

ترجمة: ألم يأتكم نبأ الذين كفروا من قبل فذاقوا وبال أمرهم ولهم عذاب, باللغة البورمية

﴿ألم يأتكم نبأ الذين كفروا من قبل فذاقوا وبال أمرهم ولهم عذاب﴾ [التغَابُن: 5]

Ba Sein
၅။ လွန်လေပြီးသောကာလတွင် မယုံကြည်သူမိစ္ဆာဒိဋ္ဌိတို့၏ အတ္တုပ္ပတ္တိကို သင်ကြားမြင်ရပြီမဟုတ်လော၊ သူတို့သည် မိမိတို့ပြုကျင့်မှု၏ ဆိုကျိုးကို ခံစားရလေ၏၊ ထို့အပြင်သူတို့သည် အလွန်ပြင်းထန်သောအပြစ်ဒဏ်ကိုလည်း ခံကြရလိမ့်မည်။
Ghazi Mohammad Hashim
အသင်တို့ထံ (မိမိတို့)အလျင် သွေဖည်ငြင်းပယ်ခဲ့ကြလေသော ရှေးသူဟောင်းတို့၏ သတင်းရောက်ရှိ၍ မလာခဲ့လေသလော။ သို့သွေဖည် ငြင်းပယ်ခဲ့ကြပေရာ ၎င်းတို့သည် မိမိတို့၏ အပြုအမူနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရလေပြီ။ ထိုမှတစ်ပါး (‘အာခိရတ်’တမလွန်ဘဝတွင်) ၎င်းတို့၌ လွန်စွာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်လည်း ရှိချေဦးမည်။
Hashim Tin Myint
အသင်တို့ထံသို့ ယခင်က ငြင်းပယ်ခဲ့သည့်သူများ၏ အ‌ကြောင်းသတင်း‌ရောက်မလာခဲ့သ‌လော။ ထိုသို့ ငြင်းပယ်ခဲ့ကြသည့်အတွက် သူတို့သည်သူတို့လုပ်ရပ်၏ပြစ်ဒဏ်ကိုမြည်းစမ်းခဲ့ကြရပြီဖြစ်သည့်အပြင် (တမလွန်ဘဝတွင်) သူတို့အတွက် အလွန်နာကျင်‌စေ‌သောပြစ်ဒဏ်လည်းရှိဦးမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek