×

(ထိုစဉ်) သူတို့က “အဘယ်ကြောင့် မရောက်ခဲ့ရမည်နည်း၊ သတိပေးနှိုးဆော်သူသည် ကျွန်ုပ်တို့ထံ ဧကန်မုချ၊ ရောက်လာခဲ့ကြပြီ ဖြစ်၏။ သို့ရာတွင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်က 67:9 Burmese translation

Quran infoBurmeseSurah Al-Mulk ⮕ (67:9) ayat 9 in Burmese

67:9 Surah Al-Mulk ayat 9 in Burmese (البورمية)

Quran with Burmese translation - Surah Al-Mulk ayat 9 - المُلك - Page - Juz 29

﴿قَالُواْ بَلَىٰ قَدۡ جَآءَنَا نَذِيرٞ فَكَذَّبۡنَا وَقُلۡنَا مَا نَزَّلَ ٱللَّهُ مِن شَيۡءٍ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٖ كَبِيرٖ ﴾
[المُلك: 9]

(ထိုစဉ်) သူတို့က “အဘယ်ကြောင့် မရောက်ခဲ့ရမည်နည်း၊ သတိပေးနှိုးဆော်သူသည် ကျွန်ုပ်တို့ထံ ဧကန်မုချ၊ ရောက်လာခဲ့ကြပြီ ဖြစ်၏။ သို့ရာတွင် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသည့် မည်သည့်အရာ (အမိန့်တော်ဆိုင်ရာအချက်အလက်) ကိုပင်ဖြစ်စေ မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ကြလျက် (ထိုသတိပေးနှိုးဆော်သူအား) “အသင်သည် ကြီးကျယ်လှစွာသော လမ်းမှားမှု၌ ရောက်နေခြင်းမှအပ အခြားမဟုတ်ပေ။” (ဟု ပြစ်တင်ခဲ့ကြကြောင်း)” ဖြေကြားကြပေမည်။

❮ Previous Next ❯

ترجمة: قالوا بلى قد جاءنا نذير فكذبنا وقلنا ما نـزل الله من شيء, باللغة البورمية

﴿قالوا بلى قد جاءنا نذير فكذبنا وقلنا ما نـزل الله من شيء﴾ [المُلك: 9]

Ba Sein
၉။ ထိုအခါသူတို့က အို-ကောင်းကင်တမန်တော်တို့၊ ဟုတ်ကဲ့၊ သတိပေးသူသည် အကျွနု်ပ်တို့ထံသို့ အမှန်ပင် လာရောက်ပါ၏၊ သို့သော် ကျွနု်ပ်တို့သည် သူ့ကို ငြင်း ပယ်ခဲ့ကြ၏၊ ထိုအပြင်အလ္လာဟ်အရှင်မြတ်သည် သင်အား တရားတော်ကို ချပေးတော်မမူချေ၊ သင်သည် မဟာအမှားကြီးမှားသူမှတပါး အခြားမဟုတ်ဟု သူ့အား ပြောဆိုမိပါ၏ဟု ပြန်ပြောကြသည်။
Ghazi Mohammad Hashim
(ထိုအခါ) ၎င်းတို့က အဘယ်ကြောင့် မဟုတ်ပါသနည်း၊ ဧကန်မလွဲ သတိပေးနှိုးဆော်သူသည် ကျွန်ုပ်တို့ထံ လာခဲ့ပေသည်။ သို့တစေလည်း ကျွန်ုပ် တို့က မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသည့်ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သည့် တစ်စုံတစ်ရာကိုမျှပင် ချပေးတော်မူခြင်းမရှိ၊ အသင်တို့သည် ကြီးကျယ်လှစွာသော လမ်းမှားမှု၌ ရှိနေကြသည်ဟု ပြောဆိုခဲ့ကြောင်း ဖြေကြားကြပေမည်။
Hashim Tin Myint
သူတို့က အဘယ့်‌ကြောင့် မလာရမည်နည်း၊ အမှန်ပင် သတိ‌ပေးနှိုး‌ဆော်သူသည် ကျွန်ုပ်တို့ထံသို့လာခဲ့သည်။ ထို့‌နောက်လည်း ကျွန်ုပ်တို့ကမဟုတ်မမှန်ဟုစွပ်စွဲငြင်းပယ်ခဲ့ကြ သည့်အပြင် အလ္လာဟ် အရှင်မြတ်သည် မည်သည့်အရာမျှ ချ‌ပေး‌တော်မူသည်မရှိ‌ပေ၊ အသင်တို့သည် ကြီးကျယ်‌သော လမ်းမှားတွင် ရှိ‌နေကြသည်ဟု ‌ပြောဆိုခဲ့ကြ‌ကြောင်း ‌ဖြေကြားကြမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek