Quran with Burmese translation - Surah Al-A‘raf ayat 100 - الأعرَاف - Page - Juz 9
﴿أَوَلَمۡ يَهۡدِ لِلَّذِينَ يَرِثُونَ ٱلۡأَرۡضَ مِنۢ بَعۡدِ أَهۡلِهَآ أَن لَّوۡ نَشَآءُ أَصَبۡنَٰهُم بِذُنُوبِهِمۡۚ وَنَطۡبَعُ عَلَىٰ قُلُوبِهِمۡ فَهُمۡ لَا يَسۡمَعُونَ ﴾
[الأعرَاف: 100]
﴿أو لم يهد للذين يرثون الأرض من بعد أهلها أن لو نشاء﴾ [الأعرَاف: 100]
Ba Sein ၁ဝဝ။ ရှေးလူများသည် မိမိတို့ပြုကျင့်မှု၏အကျိုးအရှိန်ကြောင့် ပျက်စီးသွားကြပြီးနောက် ဤလောကဓာတ် ကြီးကို အမွေရသူတို့အား ငါအသျှင်မြတ်အလိုရှိတော်မူပါလျှင် ထိုသူတို့ကို ၎င်းတို့၏ပြစ်မှုများကြောင့် ဒဏ်ပေးစွမ်းနိုင်ကြောင်း ထိုသူတို့မကြားနိုင်အောင် သူတို့၏ စိတ်နှလုံးများကို တံဆိပ်ခပ်နှိပ် ပိတ်ထားစွမ်းနိုင်ကြောင်းကို ပြသသည်မဟုတ်လော။ |
Ghazi Mohammad Hashim ဝ။(ဤ)ပထဝီမြေ နေထိုင်ခဲ့ကြသူများမရှိသည့်နောက် ယခု ဤပထဝီမြေကို အမွေဆက်ခံလျက် ရှိသူတို့အဖို့ အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် 4င်းတို့အားလည်း 4င်းတို့၏ ပြစ်မှုများကြောင့် ဒုက္ခရောက်စေတာ်မူမည် ဖြစ်ကြောင်း မထင်ရှားသေးပါသလော။အမှန်သော်ကား ငါအရှင်မြတ်သည် 4င်းတို့၏ စိတ်နှလုံးများအပေါ် တံဆိပ်ခတ်နှိပ်ထားတော်မူသဖြင့် 4င်းတို့ သည် (မှန်ကန်သောတရားဒေသနာတော်များကို) နားဆင်နိုင်ကြမည် မဟုတ်ချေ။ |
Hashim Tin Myint ၎င်းပြင် (ထို)ဒေသတွင် နေထိုင်ခဲ့ကြသောသူများ မရှိတော့သည့်နောက် ဤဒေသကို အမွေဆက်ခံနေထိုင်သူများအတွက် အကယ်၍ ငါအရှင်မြတ်အလိုရှိတော်မူလျှင် သူတို့ကိုလည်း သူတို့၏အပြစ်များကြောင့် (ထိုလူများကဲ့သို့) ဒုက္ခရောက်စေတော်မူမည်ဆိုသည်ကို သင်ခန်းစာ မရရှိကြလေသလော။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများအပေါ်၌ တံဆိပ်ခတ်နှိပ်ထားတော်မူခြင်းကြောင့် သူတို့သည် နားထောင်နိုင်ကြတော့မည် မဟုတ်ပေ။ |