×

ထို့နောက် ငါအရှင်မြတ်သည် (ရာစုနှစ်ပေါင်းများစွာ) ဖိနှိပ်ညှင်းပန်းမှုခံရပြီး အားအင်ချည့်နဲ့သော လူမျိုးတို့အား (သူတို့နေထိုင်ရာဒေသဖြစ်သော) မြေကမ္ဘာ၏အရှေ့ပိုင်းဒေသနှင့်အနောက်ပိုင်းဒေသတို့တွင် (လူ သားတို့အတွက် အကျိုးရှိစေရန်အလို့ငှာ) ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံစေတော်မူလျက် 7:137 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:137) ayat 137 in Burmese

7:137 Surah Al-A‘raf ayat 137 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 137 - الأعرَاف - Page - Juz 9

﴿وَأَوۡرَثۡنَا ٱلۡقَوۡمَ ٱلَّذِينَ كَانُواْ يُسۡتَضۡعَفُونَ مَشَٰرِقَ ٱلۡأَرۡضِ وَمَغَٰرِبَهَا ٱلَّتِي بَٰرَكۡنَا فِيهَاۖ وَتَمَّتۡ كَلِمَتُ رَبِّكَ ٱلۡحُسۡنَىٰ عَلَىٰ بَنِيٓ إِسۡرَٰٓءِيلَ بِمَا صَبَرُواْۖ وَدَمَّرۡنَا مَا كَانَ يَصۡنَعُ فِرۡعَوۡنُ وَقَوۡمُهُۥ وَمَا كَانُواْ يَعۡرِشُونَ ﴾
[الأعرَاف: 137]

ထို့နောက် ငါအရှင်မြတ်သည် (ရာစုနှစ်ပေါင်းများစွာ) ဖိနှိပ်ညှင်းပန်းမှုခံရပြီး အားအင်ချည့်နဲ့သော လူမျိုးတို့အား (သူတို့နေထိုင်ရာဒေသဖြစ်သော) မြေကမ္ဘာ၏အရှေ့ပိုင်းဒေသနှင့်အနောက်ပိုင်းဒေသတို့တွင် (လူ သားတို့အတွက် အကျိုးရှိစေရန်အလို့ငှာ) ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံစေတော်မူလျက် (စိုးမိုးအုပ်ချုပ်ရေးကို) အမွေဆက်ခံသူများဖြစ်စေတော်မူခဲ့၏။ ထို့နောက် သူတို့သည်းခံကြံ့ခိုင်ခဲ့သည်ကို အကြောင်းပြု၍ အစ္စရေးမျိုးနွယ်ဝင်တို့အပေါ် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏အကောင်းဆုံးနှင့်အမွန်မြတ်ဆုံးသော ဗျာဒိတ်တော်ကိုလည်း အတည်ပြု ဖြည့်ဆည်းစေတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ဖာရိုနှင့်သူ့လူမျိုးတို့ထူထောင်ခဲ့သမျှနှင့်ဆောက်တည်ခဲ့ကြသော (နန်းတော်၊ အနုပညာလက်ရာနှင့်ရဲတိုက်စသည့်) အရာတို့ကို ချေဖျက်စေတော်မူခဲ့၏။

❮ Previous Next ❯

ترجمة: وأورثنا القوم الذين كانوا يستضعفون مشارق الأرض ومغاربها التي باركنا فيها وتمت, باللغة البورمية

﴿وأورثنا القوم الذين كانوا يستضعفون مشارق الأرض ومغاربها التي باركنا فيها وتمت﴾ [الأعرَاف: 137]

Ba Sein
၁၃၇။ ထို့ပြင် ငါသည် မထီလေးစားပြုခြင်းခံရသောသူတို့အား ငါ ကောင်းကြီးမင်္ဂလာပေးထားတော်မူသော အရှေ့တိုင်းပြည်၊ အနောက်တိုင်းပြည်တို့ကို ပေးသနားတော်မူ၏။ အစ္စရာအီလ်အမျိုးသားတို့အတွက် သူတို့၏ ခန္တီပါရမီကြောင့် အလ္လာဟ်အသျှင်မြတ်၏ သုမင်္ဂလာစကားတော်သည် တည်လာ၏။ ငါသည် ဖာရောနှင့် အသင်းသားတို့ပြုကျင့်မှုများ ကြိုးစားအားထုတ်မှုများကို ဖျက်ဆီးပစ်တော်မူ၏။
Ghazi Mohammad Hashim
၎င်းနောက် ငါအရှင်မြတ်သည် အားအင်ချည့်နဲ့သည်ဟု ထင်မြင်ယူဆခြင်းခံခဲ့ကြရသော (အစ္စရာအီလီ) အမျိုးသားတို့အား အကြင်နယ်မြေဒေသ၏ အရှေ့ပိုင်းဒေသများ ကိုလည်းကောင်း၊ အနောက်ပိုင်း ဒေသများကိုလည်းကောင်း၊ စိုးပိုင်စေတော်မူခဲ့လေသည်။ ထိုနယ်မြေဒေသများတွင်ငါအရှင်မြတ်သည် မင်္ဂလာနှင့် ပြည့်စုံစေတော်မူခဲ့၏။ ၎င်းပြင်အစ္စရာအီလီအမျိုးသားတို့နှင့်ပတ်သက်၍ အသင့်အား မွေးမြူတော်မူသောအရှင်၏ အလွန် မွန်မြတ်လှသောကတိတော်သည်လည်း ၎င်းတို့သည်းခံခဲ့ကြသည့်အတွက်ကြောင့် ပြီးမြောက်အတည် ဖြစ်သွားချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် ဖစ်ရ်အောင်န်နှင့် ၎င်း၏အမျိုးသားများ ပြုလုပ်ထားခဲ့ကြသောအရာများကိုလည်းကောင်း၊ မြင့်မားစွာ တည်ဆောက် ထားခဲ့ကြသောအဆောက်အအုံများကိုလည်းကောင်း၊ လုံးဝဖျက်ဆီးတော်မူခဲ့လေသည်။
Hashim Tin Myint
ထို့‌နောက် ငါအရှင်မြတ်သည် အားအင်ချည့်နဲ့သည်ဟု ထင်မြင်ခံကြရ‌သော (အစ္စရာအီလ်)အမျိုးသားများအား အကြင်နယ်‌မြေ‌ဒေသ၏ အ‌ရှေ့ပိုင်းနှင့်အ‌နောက်ပိုင်း‌ဒေသများကို စိုးပိုင်‌စေ‌တော်မူခဲ့သည်။ ထိုနယ်‌မြေ‌ဒေသများတွင် ငါအရှင်မြတ်သည် မဂင်္လာနှင့်ပြည့်စုံ‌စေ‌တော်မူခဲ့သည်။ ၎င်းပြင် အစ္စရာအီလ်အမျိုးသားများနှင့်ပတ်သက်၍ အသင့်အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၏ အလွန်မွန်မြတ်‌သောကတိ‌တော်သည်လည်း သူတို့ သည်းခံခဲ့ကြသည့်အတွက်‌ကြောင့် ပြီး‌မြောက်အတည်ဖြစ်သွားခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ဖိရ်‌အောင်န်နှင့် သူ၏အမျိုးသားများ ပြုလုပ်ထားခဲ့ကြ‌သောအရာများနှင့် မြင့်မားစွာတည်‌ဆောက်ထားခဲ့ကြ‌သော အ‌ဆောက်အအုံများကို (လုံးဝ)ဖျက်ဆီးပစ်‌တော်မူခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek