Quran with Burmese translation - Surah Al-A‘raf ayat 171 - الأعرَاف - Page - Juz 9
﴿۞ وَإِذۡ نَتَقۡنَا ٱلۡجَبَلَ فَوۡقَهُمۡ كَأَنَّهُۥ ظُلَّةٞ وَظَنُّوٓاْ أَنَّهُۥ وَاقِعُۢ بِهِمۡ خُذُواْ مَآ ءَاتَيۡنَٰكُم بِقُوَّةٖ وَٱذۡكُرُواْ مَا فِيهِ لَعَلَّكُمۡ تَتَّقُونَ ﴾
[الأعرَاف: 171]
﴿وإذ نتقنا الجبل فوقهم كأنه ظلة وظنوا أنه واقع بهم خذوا ما﴾ [الأعرَاف: 171]
Ba Sein ၁၇၁။ ငါအသျှင်မြတ်သည် သူတို့အပေါ်၌ တောင်ကိုအဖုံးအကာကဲ့သို့ လှုပ်တော်မူသောအခါ သူတို့က တောင်သည် မိမိတို့အပေါ်သို့ ပြိုကျလာမည်ကို စိုးရိမ်ကြ၏။ ထိုအခါ ငါက အို-အစ္စရာအီလ် အမျိုးသားအပေါင်းတို့ သင်တို့သည် ငါပေးသနားတော်မူသောကျမ်းတော်ကို မြဲမြံစွာ ကိုင်ထားကြ လော့။ ကျမ်းတော်ပါသော တရားများကို သတိပြုကြလော့။ သို့မှသာလျှင် သင်တို့သည် မကောင်းမှုကို ရှောင်ကြဉ်နိုင်ကြလိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်၍ သတိရပါလေ။ တစ်ရံရောအခါ ငါအရှင်မြတ်သည်(တူရ်မည်သော)တောင်ကို ၎င်းတို့ထက်ဝယ် ပင့်မြှောက်တော်မူခဲ့ရာ ထိုတောင်သည် အမိုးကဲ့သို့ဖြစ်လျက် ရှိခဲ့ချေသည်။ ထို့ပြင်ယင်း သူတို့မှာ ထိုတောင်သည် ၎င်းတို့အပေါ်ဝယ် မုချကျတော့မည်ဟူ၍ ယုံကြည်ခဲ့ကြလေသည်။ (ထိုအခါ ငါအရှင်မြတ်သည်၎င်းတို့အား ဤသို့ မိန့်တော်မူခဲ့ လေသည်။) အသင်တို့သည်မိမိတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသောကျမ်းမြတ်ကို စွဲမြဲစွာလက်ကိုင်ထားကြလေကုန်။ ၎င်းနောက်အသင်တို့သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်နိုင်ခြင်းငှာယင်းကျမ်းတော်လာ ဒေသနာတော်များကိုလည်း လေ့ကျင့်မှတ်သား(ကျင့်မူ)ကြလေကုန်။(ရကူ) |
Hashim Tin Myint ထို့ပြင် တစ်ခါက ငါအရှင်မြတ်သည် (သွူရ်)တောင်ကို သူတို့အပေါ်၌ ပင့်မြှောက်တော်မူခဲ့သောအခါ ထိုတောင်သည် အမိုးကဲ့သို့ဖြစ်နေခဲ့သည်။ ၎င်းပြင် သူတို့က ထိုတောင်သည် သူတို့အပေါ်သို့ အမှန်ပင် ကျတော့မည်ဟု ယုံကြည်ခဲ့ကြသည်။ (ထိုအခါ အရှင်မြတ်က ဤသို့ မိန့်ကြားတော်မူသည်) “အသင်တို့သည် အသင်တို့အား ငါအရှင်မြတ် ပေးသနားတော်မူသော ကျမ်းတော်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြပါ။ ၎င်းပြင် အသင်တို့သည် အပြစ်ရှောင်ကြဉ်ကြရန်အတွက် ထိုကျမ်းထဲမှ တရားတော်များကိုလည်း လေ့ကျင့်မှတ်သား(လိုက်နာ)ကြပါ။“ |