×

အရှင်မြတ်မှအပ အခြားသောအရာများ (ကို ကိုးကွယ်ရာအဖြစ် ယုံကြည်မှတ်ယူပြီး ယင်းတို့) ကိုဟစ်ခေါ် တသ၍ ဆုတောင်းနေကြသူတို့သည် သင်တို့အား ကူညီနိုင်စွမ်းမရှိသည့်အပြင် သူတို့၏နဖ်စ် 7:197 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:197) ayat 197 in Burmese

7:197 Surah Al-A‘raf ayat 197 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 197 - الأعرَاف - Page - Juz 9

﴿وَٱلَّذِينَ تَدۡعُونَ مِن دُونِهِۦ لَا يَسۡتَطِيعُونَ نَصۡرَكُمۡ وَلَآ أَنفُسَهُمۡ يَنصُرُونَ ﴾
[الأعرَاف: 197]

အရှင်မြတ်မှအပ အခြားသောအရာများ (ကို ကိုးကွယ်ရာအဖြစ် ယုံကြည်မှတ်ယူပြီး ယင်းတို့) ကိုဟစ်ခေါ် တသ၍ ဆုတောင်းနေကြသူတို့သည် သင်တို့အား ကူညီနိုင်စွမ်းမရှိသည့်အပြင် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကိုလည်း သူတို့ကိုယ်တိုင်မကူညီနိုင်ကြသည်မဟုတ်ချေ။

❮ Previous Next ❯

ترجمة: والذين تدعون من دونه لا يستطيعون نصركم ولا أنفسهم ينصرون, باللغة البورمية

﴿والذين تدعون من دونه لا يستطيعون نصركم ولا أنفسهم ينصرون﴾ [الأعرَاف: 197]

Ba Sein
၁၉၇။ အလ္လာဟ်အသျှင်မြတ်မှတစ်ပါး သင်တို့မကိုးကွယ်သောဘုရားတုများ၌ သင်တို့ကို ကူညီထောက်ပ့့ံရန် တန်ခိုးအာဏာမရှိပေ။ ၎င်းတို့ကိုယ်ကိုလည်း ၎င်းတို့ မကူညီနိုင်ကြပေ။
Ghazi Mohammad Hashim
သို့ရာတွင် ထိုအရှင်မြတ်မှတစ်ပါး အသင်တို့ဟစ်ခေါ် (ကိုးကွယ်ဆည်းကပ်တမ်းတ)ကြကုန်သော သူတို့မှာမူကား အသင်တို့အားလည်း ကူညီနိုင်ကြသည် မဟုတ်ပေ။မိမိတို့ ကိုယ်များကိုလည်း (မိမိတို့)ကူညီနိုင်ကြသည် မဟုတ်ချေ။
Hashim Tin Myint
၎င်းပြင် အရှင်မြတ်မှလွဲ၍ အသင်တို့ ဟစ်‌ခေါ်(ကိုးကွယ်)ကြ‌သောသူများသည် အသင်တို့ကိုလည်း ကူညီနိုင်ကြသည် မဟုတ်‌ပေ။ သူတို့ကိုယ်သူတို့လည်း (သူတို့) ကူညီနိုင်ကြသည် မဟုတ်‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek