×

အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့သည် စေတန်မကောင်းဆိုးဝါးထံမှ မကောင်းသော အတွေ့အကြုံ (စိုးရိမ်မှု) ထိတွေ့သက်ရောက်သည့်အခါ (အရှင်မြတ်ကို) သတိရ တသ၍ 7:201 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:201) ayat 201 in Burmese

7:201 Surah Al-A‘raf ayat 201 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 201 - الأعرَاف - Page - Juz 9

﴿إِنَّ ٱلَّذِينَ ٱتَّقَوۡاْ إِذَا مَسَّهُمۡ طَٰٓئِفٞ مِّنَ ٱلشَّيۡطَٰنِ تَذَكَّرُواْ فَإِذَا هُم مُّبۡصِرُونَ ﴾
[الأعرَاف: 201]

အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့သည် စေတန်မကောင်းဆိုးဝါးထံမှ မကောင်းသော အတွေ့အကြုံ (စိုးရိမ်မှု) ထိတွေ့သက်ရောက်သည့်အခါ (အရှင်မြတ်ကို) သတိရ တသ၍ ဖွင့်ဟကြ၏။ သို့ဖြစ်ရာ သူတို့သည် အမှားအမှန်ကို ခွဲမြင်၍ ချင့်ချိန်နိုင်စွမ်းရှိသူများ ဖြစ်လာကြ၏။

❮ Previous Next ❯

ترجمة: إن الذين اتقوا إذا مسهم طائف من الشيطان تذكروا فإذا هم مبصرون, باللغة البورمية

﴿إن الذين اتقوا إذا مسهم طائف من الشيطان تذكروا فإذا هم مبصرون﴾ [الأعرَاف: 201]

Ba Sein
၂ဝ၁။ မှတ်သားကြလော့။ ဒုစရိုက်အမှုအခင်းကို ကြဉ်ရှောင်သူတို့သည် ရှိုင်တန်မာရ်နတ် လှည့်ဖြားသော အခါ အလ္လာဟ်အသျှင်မြတ်ကို အာရုံပြုကြ၏။ ထိုအခါ သူတို့သည် ရှင်းလင်းစွာမြင်ကြ၏။
Ghazi Mohammad Hashim
မလွဲဧကန် (အလ္လာဟ်အရှင်မြတ်အား)ကြောက်ရွံ့ရိုသေခန့်ညားသောသူတို့မူကား ရှိုင်တွာန် မိစ္ဆာကောင်၏ထံမှ တစ်စုံတစ်ရာ စိုးရိမ်ဖွယ်ရာသည် ထိုသူတို့၌ သက်ရောက်ခဲ့သောအခါ (အလ္လာဟ်အရှင်မြတ်အား ချက်ချင်း) အောက်မေ့တသကြကုန်၏။ သို့ဖြစ်လျှင် ၎င်းတို့သည် ရုတ်တရက်ပင်(အမှန် ကို) မြင်လာကြကုန်သတည်း။
Hashim Tin Myint
အမှန်စင်စစ် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများသည် ရှိုင်သွာန်၏ထံမှ လှည့်ဖြားမှု တစ်စုံတစ်ခုသည် သူတို့အ‌ပေါ် ကျ‌ရောက်ခဲ့သည့်အခါ (အရှင်မြတ်အား)သတိရ တသကြသည်။ ထို့‌နောက် သူတို့သည် ချက်ချင်းပင် အမြင်မှန်ရလာကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek