×

တမန်တော်ရှုအိုက်ဗ်အား (မဟုတ်မတရားကြံဖန်စွပ်စွဲ၍) ငြင်းဆန်ကြသူတို့သည် ထို (နေရာဒေသများ) ၌ ယခင်ကပင် မနေထိုင်ခဲ့ကြသကဲ့သို့ ပျက်စီးပျောက်ကွယ်သွားခဲ့ကြ၏။ 7:92 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:92) ayat 92 in Burmese

7:92 Surah Al-A‘raf ayat 92 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 92 - الأعرَاف - Page - Juz 9

﴿ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَأَن لَّمۡ يَغۡنَوۡاْ فِيهَاۚ ٱلَّذِينَ كَذَّبُواْ شُعَيۡبٗا كَانُواْ هُمُ ٱلۡخَٰسِرِينَ ﴾
[الأعرَاف: 92]

တမန်တော်ရှုအိုက်ဗ်အား (မဟုတ်မတရားကြံဖန်စွပ်စွဲ၍) ငြင်းဆန်ကြသူတို့သည် ထို (နေရာဒေသများ) ၌ ယခင်ကပင် မနေထိုင်ခဲ့ကြသကဲ့သို့ ပျက်စီးပျောက်ကွယ်သွားခဲ့ကြ၏။

❮ Previous Next ❯

ترجمة: الذين كذبوا شعيبا كأن لم يغنوا فيها الذين كذبوا شعيبا كانوا هم, باللغة البورمية

﴿الذين كذبوا شعيبا كأن لم يغنوا فيها الذين كذبوا شعيبا كانوا هم﴾ [الأعرَاف: 92]

Ba Sein
၉၂။ အကြင်သူတို့သည် တမန်တော် ရှူအိုက်(ဘ်)ကို မယုံကြည်ကြ။ ထိုသူတို့သည် ထိုအရပ်တွင် မနေဘူးသကဲ့သို့ ပျောက်ကွယ်သွားကြ၏။ တမန်တော် ရှူအိုက်(ဘ်)ကို မယုံကြည်သူတို့သည် ဆုံးရှုံး ပျက်စီးသူများဖြစ်ကြ၏။
Ghazi Mohammad Hashim
နဗီတမန်တော်(ရှုအိုက်ဗ်)အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသော သူတို့သည် ထိုအိမ် (ဝါ)မြို့ရွာတွင် အလျင်း နေထိုင်ခဲ့ကြဖူးသည်မရှိသကဲ့သို့ပင် ပျက်စီးခဲ့ကြကုန်၏။ နဗီတမန်တော် (ရှုအိုက်ဗ်)ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသောသူတို့သည်ပင်လျှင် ဆုံးရှုံးနစ်နာသူများ ဖြစ်ခဲ့ကြသည်တကား။
Hashim Tin Myint
(တမန်‌တော်)ရှုအိုင်ဗ်ကို မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြ‌သောသူများသည် ထို‌နေရာတွင် လုံးဝ မ‌နေထိုင်ဖူးသကဲ့သို့ပင် ပျက်စီးခဲ့ကြသည်။ (တမန်‌တော်)ရှုအိုင်ဗ်ကို မဟုတ်မမှန် စွပ်စွဲငြင်းပယ်ခဲ့ကြ‌သောသူများသာလျှင် ပျက်စီးဆုံးရှုံးသူများ ဖြစ်ခဲ့ကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek