Quran with Burmese translation - Surah Al-Jinn ayat 25 - الجِن - Page - Juz 29
﴿قُلۡ إِنۡ أَدۡرِيٓ أَقَرِيبٞ مَّا تُوعَدُونَ أَمۡ يَجۡعَلُ لَهُۥ رَبِّيٓ أَمَدًا ﴾
[الجِن: 25]
﴿قل إن أدري أقريب ما توعدون أم يجعل له ربي أمدا﴾ [الجِن: 25]
Ba Sein ၂၅။ အို-တမန်တော်၊ ဟောကြားလော့၊ သင်တို့အား ကတိဗျာဒိတ်ခတ်နှိပ်ထားတော်မူသောအပြစ်ဒဏ်သည် နီးကပ် လာသလော၊ သို့မဟတု ် ငါ၏အရှင်သခင်သည် ထိုအပြစ်ဒဏ်တော်၏ အချိန်ကို ဝေးကွာစွာသတ်မှတ်ထားတော် မူသလောကို ငါမသိနိုင်ချေ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် ပြောကြား ပါလေ။ (အချင်းတို့) အသင်တို့ ချိန်းဆိုခြင်းခံကြရသော(ကိယာမတ်နေ့)မှာ နီးလေသလော၊ သို့တည်းမဟုတ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ယင်း(ကိယာမတ်နေ့)နှင့်စပ်လျဉ်း၍ အဓွန့်ရှည်သော ကာလအပိုင်းအခြားကို သတ်မှတ်၍ ထားတော်မူလေသလောဟူ၍ ငါသည် သိရှိသည်မဟုတ်ပေ။ |
Hashim Tin Myint (အို-တမန်တော်)အသင်ပြောလိုက်ပါ- အသင်တို့ ချိန်းဆိုခြင်းခံကြရသော (ကိယာမသ်နေ့)သည် နီးကပ်စွာ ဖြစ်သလော၊ သို့မဟုတ် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်က ထို (ကိယာမသ်နေ့)ကို ဝေးလံစွာ ပြုလုပ်ထားသလောဆိုသည်ကို ငါမသိပေ။ |