×

(အို၊ ရစူလ်တမန်တော်) ဧကန်မလွဲ၊ အသင်သည်လည်းကောင်း၊ အသင်နှင့်အတူရှိကြသော သာဝကြီး များအနက်မှ အုပ်စုတစ်ခုသည်လည်းကောင်း၊ ည၏သုံးပုံနှစ်ပုံနီးပါးခန့် သို့မဟုတ် ည၏သုံးပုံတစ်ပုံတွင် ထ၍ 73:20 Burmese translation

Quran infoBurmeseSurah Al-Muzzammil ⮕ (73:20) ayat 20 in Burmese

73:20 Surah Al-Muzzammil ayat 20 in Burmese (البورمية)

Quran with Burmese translation - Surah Al-Muzzammil ayat 20 - المُزمل - Page - Juz 29

﴿۞ إِنَّ رَبَّكَ يَعۡلَمُ أَنَّكَ تَقُومُ أَدۡنَىٰ مِن ثُلُثَيِ ٱلَّيۡلِ وَنِصۡفَهُۥ وَثُلُثَهُۥ وَطَآئِفَةٞ مِّنَ ٱلَّذِينَ مَعَكَۚ وَٱللَّهُ يُقَدِّرُ ٱلَّيۡلَ وَٱلنَّهَارَۚ عَلِمَ أَن لَّن تُحۡصُوهُ فَتَابَ عَلَيۡكُمۡۖ فَٱقۡرَءُواْ مَا تَيَسَّرَ مِنَ ٱلۡقُرۡءَانِۚ عَلِمَ أَن سَيَكُونُ مِنكُم مَّرۡضَىٰ وَءَاخَرُونَ يَضۡرِبُونَ فِي ٱلۡأَرۡضِ يَبۡتَغُونَ مِن فَضۡلِ ٱللَّهِ وَءَاخَرُونَ يُقَٰتِلُونَ فِي سَبِيلِ ٱللَّهِۖ فَٱقۡرَءُواْ مَا تَيَسَّرَ مِنۡهُۚ وَأَقِيمُواْ ٱلصَّلَوٰةَ وَءَاتُواْ ٱلزَّكَوٰةَ وَأَقۡرِضُواْ ٱللَّهَ قَرۡضًا حَسَنٗاۚ وَمَا تُقَدِّمُواْ لِأَنفُسِكُم مِّنۡ خَيۡرٖ تَجِدُوهُ عِندَ ٱللَّهِ هُوَ خَيۡرٗا وَأَعۡظَمَ أَجۡرٗاۚ وَٱسۡتَغۡفِرُواْ ٱللَّهَۖ إِنَّ ٱللَّهَ غَفُورٞ رَّحِيمُۢ ﴾
[المُزمل: 20]

(အို၊ ရစူလ်တမန်တော်) ဧကန်မလွဲ၊ အသင်သည်လည်းကောင်း၊ အသင်နှင့်အတူရှိကြသော သာဝကြီး များအနက်မှ အုပ်စုတစ်ခုသည်လည်းကောင်း၊ ည၏သုံးပုံနှစ်ပုံနီးပါးခန့် သို့မဟုတ် ည၏သုံးပုံတစ်ပုံတွင် ထ၍ ဝတ်ပြုဆုတောင်းရန် ရပ်တည်ကြောင်းကို အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော် မူသော အရှင်မြတ်က အကြွင်းမဲ့ သိနေတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သာလျှင် ညကို လည်းကောင်း၊ နေ့ကိုလည်းကောင်း (ဖြစ်ပေါ်ပြောင်းလဲစေတော်မူလျက် တိကျလိုက်ဖက်စွာ တိုင်းတာတော်မူ၍) သတ်မှတ်ပြ ဌာန်းတော်မူ၏။ (အို၊ ယုံကြည်သူအပေါင်းတို့) ဧကန်စင်စစ်၊ သင်တို့သည် ယင်း (ညအချိန်ကာလ၌ ထ၍ ဝတ်ပြုဆုတောင်းမှု)အား ရေရှည်တည်တံ့အောင် စောင့်စည်းနိုင်ကြမည် မဟုတ်ကြောင်းကို ထိုအရှင်မြတ်က သိနေတော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် သင်တို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူခဲ့၏။ သို့ဖြစ်သောကြောင့် သင်တို့သည် (ဆွလာသ်ဝတ်ပြုကြစဉ်) ကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ် နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ်ကြလော့။ သင်တို့အနက် အချို့သည် နာမကျန်းသူများဖြစ်ကြ၍ အခြား သူတို့သည် (မြေကမ္ဘာပေါ်၌ ချီးမြှင့်ပေးအပ်တော်မူသော မြေပေါ်မြေအောက်ရေပေါ်ရေအောက် သယံဇာတများ၊ စွမ်းအင်၊ ရိက္ခာအထောက်အပံ့များဖြစ်သည့်) အလ္လာဟ်အရှင်၏ကျေးဇူးတော်များကို ရှာဖွေရန် (မြေကမ္ဘာအနှံ့) ခရီးသွားလာကြသည်ကိုလည်းကောင်း၊ အခြားသူအချို့မှာမူ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်တိုက်ကြသည်ကိုလည်းကောင်း၊ အရှင်မြတ်က သိနေတော်မူ၏။ သို့ဖြစ်ပေရာ သင်တို့သည် (ဆွလာသ်ဝတ်ပြုကြစဥ်) ကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ်နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ်ကြလော့။ ထို့ပြင် သင်တို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ) ဆောက်တည်မြဲ၍ ဇကာသ် (ခေါ်တရားတော်အရ ချို့တဲ့ ဆင်းရဲသူတို့အား ပေးကမ်းစွန့်လှူရသော လူမှုဖူလုံကြေး) ကို ပေးဆောင်ကြလော့။ ထို့ပြင် (အရှင် မြတ်ထံတော်မှ အဆပေါင်းများစွာ ပြန်ရရန်အလို့ငှာ အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် (သင်တို့၏အသက်၊ စည်းစိမ်နှင့်ပိုင်ဆိုင်မှုများကို သုံးစွဲခြင်းဖြင့် သင်တို့၏ကိုယ်စိတ် နှလုံးနှင့်စည်းစိမ်တို့ကို) အမွန်မြတ်ဆုံးချေးငှား မှုဖြစ်သည့် အလ္လာဟ်အရှင်မြတ် (အလိုရှိတော်မူသော လမ်းစဉ်တော်အတွက်) ချေးငှားကြလော့။ စင်စစ်သော်ကား သင်တို့သည် သင်တို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည် အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့် အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များ၏အကျိုးအတွက် မည်သည့် ကောင်းမှုကုသိုလ်ကို (လောကီဘဝ၌ ပြုမူကျင့်ကြံ၍ တမလွန်ဘဝ၌ အကျိုးခံစားရန်) ကြိုတင်ပို့နှင့်သည်ဖြစ်စေ၊ ယင်း (ကောင်းမှုကုသိုလ်) ကို အလ္လာဟ်အရှင်မြတ်ထံတော်၌ မွန်မြတ်သော ဆုလဒ်အဖြစ်လည်းကောင်း၊ ထိုထက်မက ပိုမို၍ ကြီးကျယ်သော ဆုလဒ်အဖြစ်လည်းကောင်း၊ သင်တို့ တွေ့ရှိကြရပေမည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်ထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံပန်ကြားကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: إن ربك يعلم أنك تقوم أدنى من ثلثي الليل ونصفه وثلثه وطائفة, باللغة البورمية

﴿إن ربك يعلم أنك تقوم أدنى من ثلثي الليل ونصفه وثلثه وطائفة﴾ [المُزمل: 20]

Ba Sein
၂၀။ အို-တမန်တော်၊ သင်၏ အရှင်သခင်သည် သင်နှင့်တကွ သင်၏အနီးအပါးနေသူ သာဝက တစ်စုတို့သည် ညဉ့်၏ သုံးပုံနှစ်ပုံသော် လည်းကောင်း၊ တဝက်သော်လည်းကောင်း၊ သုံးပုံတစ်ပုံသော် လည်းကောင်း၊ ဆွလားသ် ဝတ်ပြုကြသည်ကို သိတော်မူ၏၊ အလ္လာဟ်အရှင်မြတ်သည် ညဉ့်အချိန်နှင့် နေ့အချိန်ကို သတ်မှတ်ပိုင်းခြားတော် မူ၏၊ သင်တို့သည် ဤသတ်မှတ်ချက်ကို ကျနစွာ မရေမတွက်နိုင်ကြောင်းကို အရှင်မြတ်ကောင်းစွာ သိတော်မူ၏၊ အရှင်မြတ်သည် သင်တို့ဘက်သို့ ကောင်း ကြီးမင်္ဂလာတော်နှင့် လှည့်တော်မူ၏၊ ကျမ်းမြတ်ကုရ်အာန်ကို တတ်စွမ်းနိုင်သလောက်သာ လွယ်ကူစွာ ဖတ်ကြလော့၊ ထိုအပြင် သင်တို့အနက် အချို့တို့ကား နာနေသည်ကို လည်းကောင်း၊ အချို့ကား အရှင်မြတ်၏ ကျေးဇူးတော်ကို ရှာမီးရန် မြေပေါ်တွင် အနှံ့အပြားခရီးသွားရှိနေသည်ကိုလည်းကောင်း၊ အချို့လည်း အလ္လာဟ်အရှင်မြတ်၏ စစ်တော်ကို ဆင်နွှဲနေသည်ကိုလည်းကောင်း၊ အရှင်မြတ်ကောင်းစွာသိတော် မူ၏၊ ထို့ကြောင့်သင်တို့သည် ကုရ်အာန်ကျမ်းမြတ်ကို သင်တို့စွမ်းနိုင်သလောက်သာ လွယ်ကူစွာဖတ်ကြလော့၊ ဆွလားသ်ဝတ်ကို ပြုကြလော့၊ ဇကားသ်အလှုကို ပေးကြလော့၊ ထို့အပြင်အလ္လာဟ်အရှင်မြတ်အား ကောင်းမြတ် တင့်တယ်သောကြွေးမြီချေးကြလော့၊ ထို့အပြင်အကြင်ကုသိုလ်ကောင်းမှုကို သင်တို့သည် မိမိတို့ဝိညာဉ်အတွက် တင်ကြိုပို့ထားနှင့်ကြအံ့၊ ထိုကုသိုလ်ကောင်းမှုကို အလ္လာဟ်အရှင်မြတ်အထံတော်တွင် သင်တို့တွေ့ကြံုရမည် သာတည်း၊ ဧကန်အမှန် ဆုတော်မှာ သင်တို့ တင်ကြိုပို့ထားနှင့်သည့် ကုသိုလ်ကောင်းမှုထက် သာလွန်မြင့်မြတ် များပြားလှချေမည်၊ အလ္လာဟ်အရှင်မြတ်၏ အပြစ်လွှတ်တော်မူခြင်းကို ရှာမီးကြလော့၊ အကြောင်းမူကား အလ္လာဟ်အရှင်မြတ်သည် အဖန်တလဲလဲ အပြစ်လွှတ်တော်မူ၏၊ ကောင်းကြီးမင်္ဂလာတော် ပေးသနားတော်မူ၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အသင်သည်လည်းကောင်း၊ အသင်နှင့်အတူ ရှိကြသောသူတို့အနက်မှ လူတစ်စုသည်လည်းကောင်း၊ ရံဖန်ရံခါ ညဉ့်၏ သုံးပုံနှစ်ပုံနီးခန့်၊ ရံဖန်ရံခါညဉ့်ဝက်၊ ရံဖန်ရံခါ ညဉ့်၏သုံးပုံတစ်ပုံ၊ ရပ်ကြသည်ကို သိရှိတော်မူ၏။ စင်စစ်သော်ကား ၎င်းအရှင်မြတ်သာလျှင် ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း (တိကျစွာ) တိုင်းတာ သတ်မှတ်နိုင်တော်မူ၏။ဧကန်စင်စစ် အသင်တို့သည် ယင်း(ညဉ့်အချိန်ကာလ အစိတ်အပိုင်း)ကို (ကျနသေချာစွာ) ရေတွက်မှတ်သား စောင့်စည်းနိုင်ကြမည် မဟုတ်ကြောင်း ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် အသင်တို့ဘက်သို့ ကရုဏာတော်နှင့်လှည့်တော်မူခဲ့၏။ သို့ဖြစ်သောကြောင့် အသင်တို့သည် ("ဆွလာတ်"အတွင်း၌) ကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ်နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ်ကြလေကုန်။ အသင်တို့အနက် အချို့မှာ ရောဂါဝေဒနာ စွဲကပ်သူများဖြစ်ကြမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ အခြားသူတို့မှာ ၎င်းအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကိုရှာဖွေရန် တိုင်းပြည်တွင် ခရီးသွားလာကြမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ အခြားသူတို့မှာ ၎င်းအရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြမည် ဖြစ်ကြောင်းကိုလည်းကောင်း၊ သိရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (ဆွလာတ်ဝတ်ပြုရာတွင်) ယင်းကုရ်အာန်ကျမ်းတော်မြတ်မှ လွယ်ကူစွာ ရွတ်ဖတ်နိုင်သမျှကို ရွတ်ဖတ်သရဇ္ဈာယ် ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ဆွလာတ်ဝတ်ပြုမှုကို (စွဲမြဲစွာ) ဆောက်တည်ကြလေကုန်။ ထို့ပြင် ‘ဇကာတ်’ ပေးဆပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ၎င်းအရှင်မြတ်အား ကောင်းမြတ်သော (စေတနာ)နှင့် ကြွေးမြီ ချေးငှားကြလေကုန်။ စင်စစ်သော်ကား အသင်တို့သည် မည်သည့် ကောင်းမှုကိုမဆို မိမိတို့အကျိုးငှာ တင်ကြို ပို့နှင့်ကြပါလျှင် ယင်းသည့်ကောင်းမှုကို အလ္လာဟ်အရှင်မြတ်အထံတော်၌ သာ၍ မွန်မြတ်သည်ကိုလည်းကောင်း၊ ကုသိုလ်အကျိုးအားဖြင့် ပို၍ ကြီးကျယ်သည်ကိုလည်းကောင်း၊ အသင်တို့ တွေ့ရှိကြရပေမည်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံကြလေကုန်၊ ဧကန်မလွဲ ၎င်းအရှင်မြတ်မှာမူကား အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ကြင်နာသနားတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
အမှန်စင်စစ် အသင်(တမန်‌တော်)အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်သည် အသင့်အားသာမက အသင်နှင့်အတူရှိကြ‌သောသူများထဲမှ လူတစ်စုအား ည၏ သုံးပုံနှစ်ပုံနီးပါး၊ တစ်ခါ တစ်ရံ ညဝက်၊ တစ်ခါတစ်ရံ ည၏ သုံးပုံတစ်ပုံ (စွလာသ် ဝတ်ပြုရန်)ရပ်ကြသည်ကို သိရှိ‌တော်မူသည်။ ###၉ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် ညနှင့်‌နေ့ကို တိုင်းတာသတ်မှတ်‌တော်မူသည်။ အမှန်စင်စစ် အသင်တို့သည် ထို(ည၏ အချိန်ပိုင်းများ)ကို လုံးဝ‌ရေတွက်မှတ်သား‌စောင့်စည်းနိုင်ကြမည်မဟုတ်သည်ကို အရှင် မြတ်သိရှိ‌တော်မူသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် အသင်တို့ဘက်သို့ ကရုဏာနှင့် လှည့်‌တော်မူ(၍‌လျှော့‌ပေါ့‌ပေး‌တော်မူ)ခဲ့သည်။ သို့ဖြစ်ရာ အသင်တို့သည် (စွလာသ်အတွင်း၌) ကုရ်အာန်ကျမ်း‌တော်မြတ်ကို အလွယ်တကူ ရွတ်ဖတ်နိုင်သမျှကိုပင် ရွတ်ဖတ်ကြပါ။ ###၁ဝ အသင်တို့ထဲမှ အချို့သည် ‌ရောဂါသည်များဖြစ်ကြမည် ဖြစ်‌ကြောင်း၊ အခြားသူများ သည် အလ္လာဟ်အရှင်မြတ်၏ ‌ကျေးဇူး‌တော် စားနပ်ရိက္ခာကို ရှာ‌ဖွေရန် ကမ္ဘာ‌မြေတွင်ခရီးသွားလာကြမည်ဖြစ်‌ကြောင်းနှင့် အခြားသူများသည် အလ္လာဟ် အရှင်မြတ်၏လမ်း‌တော်တွင် စစ်တိုက်ကြမည်ဖြစ်‌ကြောင်းကို သိရှိ‌တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် (စွလာသ်ဝတ်ပြုရာတွင်)၎င်းကုရ်အာန်ကျမ်း‌တော်မြတ်မှ လွယ်ကူစွာရွတ်ဖတ်နိုင်သမျှကိုသာရွတ်ဖတ်ကြပါ။ ထို့ပြင် အသင်တို့သည် စွလာသ်ဝတ်ပြုမှုကို (စွဲမြဲစွာ)‌ဆောက်တည်ကြပါ။ ထို့ပြင် ဇကာသ်ကိုလည်း ‌ပေး‌ဆောင်ကြပါ။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အား ‌ကောင်းမြတ်‌သော (‌စေတနာ)နှင့် အ‌ကြွေး‌ချေးငှားကြပါ။ ထို့ပြင် အသင်တို့သည် မည်သည့် ‌ကောင်းမှုကိုမဆို အသင်တို့အတွက် ကြိုတင်ပို့ကြလျှင် ထို‌ကောင်းမှုကို အလ္လာဟ် အရှင်မြတ်ထံ‌တော်တွင် ပို‌ကောင်းသည့်အဖြစ်နှင့်သာမက ပိုကြီးကျယ်‌သောအကျိုးကုသိုလ်အဖြစ်နှင့်လည်း အသင်တို့ ‌တွေ့ရှိကြရမည် ဖြစ်သည်။ ထို့ပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ထံ‌တော်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို အသနားခံကြပါ။ ###၁၁ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်‌ပေး‌တော်မူ‌သောအရှင်၊ အလွန်သနားကြင်နာ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek