Quran with Burmese translation - Surah Al-Anfal ayat 31 - الأنفَال - Page - Juz 9
﴿وَإِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُنَا قَالُواْ قَدۡ سَمِعۡنَا لَوۡ نَشَآءُ لَقُلۡنَا مِثۡلَ هَٰذَآ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ ﴾
[الأنفَال: 31]
﴿وإذا تتلى عليهم آياتنا قالوا قد سمعنا لو نشاء لقلنا مثل هذا﴾ [الأنفَال: 31]
Ba Sein ၃၁။ မိစ္ဆာဒိဌိတို့အား ငါအသျှင်မြတ်၏ နှုတ်ကပတ်တော်များကို ရွတ်ဖတ်ပြသောအခါ သူတို့သည် အကျွနု်ပ်တို့သည် ကြားကြပြီ။ အကျွနု်ပ်တို့သည် အလိုရှိလျှင် ယင်းဂါထာများကဲ့သို့ ဂါထာများကို ပြောဆိုစွမ်းနိုင်ကြ၏။ မှတ်သားကြလော့။ ဤကျမ်းသည် ရှေးဟောင်းတို့ဖန်တီးသောပုံပြင်ဝထ္ထုများ သာတည်း။ အခြားအရာတစ်စုံတစ်ခုမျှမဟုတ်ပေဟု ဆိုကြ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ၎င်းတို့ရှေ့ဝယ် ငါအရှင်မြတ်၏ကျမ်းဂန်လာ ဒေသနာတော်များကို ရွတ်ဖတ်၍ ပြခဲ့ပါလျှင်၊၎င်းတို့က ငါတို့သည် အမှန်ပင် (ဤသည်တို့ကို အဖန်တလဲလဲ)ကြားခဲ့ဖူးကြချေပြီ။ ငါတို့သည် အလိုရှိလျှင် ငါတို့သည်လည်းဤအတိုင်းပင် ဧကန်မလွဲ (စီကုံး)ပြောဆိုနိုင်ကြပေသည်။ ဤသည်ကား ရှေးသူတော်ကောင်းတို့၏ ဒဏ္ဍာရီပုံပြင်မျှသာ ဖြစ်သည် ဟုပြောဆိုကြကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် သူတို့ရှေ့၌ ငါအရှင်မြတ်၏အာယသ်တော်များကို ဖတ်ရွတ်ပြခြင်းခံရသောအခါ သူတို့က (ဤသို့)ပြောဆိုကြသည်- “ငါတို့သည် အမှန်ပင် (ဤသည်ကို)ကြားဖူးပြီးဖြစ်သည်။ အကယ်၍ ငါတို့ အလိုရှိလျှင် ငါတို့လည်း ဤ(အာယသ်များ)ကဲ့သို့ အမှန်ပင် ပြောဆိုနိုင်ကြသည်။ ဤသည် ရှေးကသူများ၏ ပုံပြင်များသာဖြစ်သည်။“ |