Quran with Burmese translation - Surah Al-Anfal ayat 38 - الأنفَال - Page - Juz 9
﴿قُل لِّلَّذِينَ كَفَرُوٓاْ إِن يَنتَهُواْ يُغۡفَرۡ لَهُم مَّا قَدۡ سَلَفَ وَإِن يَعُودُواْ فَقَدۡ مَضَتۡ سُنَّتُ ٱلۡأَوَّلِينَ ﴾
[الأنفَال: 38]
﴿قل للذين كفروا إن ينتهوا يغفر لهم ما قد سلف وإن يعودوا﴾ [الأنفَال: 38]
Ba Sein ၃၈။ မယုံကြည်သူတို့အား သူတို့သည် ယုံကြည်သူတို့အား မတရားနှိပ်စက်ညှင်းပန်းမှုကို ရပ်တန့်ကြလျှင် သူတို့၏ လွန်ပြီးသောပြစ်မှုများကို ချမ်းသာပေးတော်မူမည်။ သို့သော် မတရားညှင်းပန်းမှုကို တဖန် ပြန်၍ပြုကျင့်ကြသော် သူတို့အလျင် သွားလေသူတို့၏အဖြစ်အပျက်သည် သူတို့အတွက် သတိပေး သင်ခန်းစာတစ်စောင်ဖြစ်၏ဟု ဟောကြားလော့။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် မယုံမကြည်သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့)ပြောကြားပါလေ။၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည်၎င်းတို့အဖို့ ခွင့်လွှတ်ပြီးဖြစ်ချေမည်။ သို့ရာတွင် အကယ်၍သာ၎င်းတို့သည် ထပ်မံ၍ ပြုလုပ်ကြပါလျှင်၊ ဧကန်မလွဲ ရှေးသူဟောင်းတို့နှင့် ပတ်သက်သော (ငါအရှင်မြတ်၏) စည်းကမ်းဥပဒေသည်လည်း လွန်ခဲ့ပြီး ဖြစ်ချေသတည်း။ |
Hashim Tin Myint (အို- တမန်တော်)အသင်သည် ငြင်းပယ်သူများကို (ဤသို့)ပြောလိုက်ပါ- အကယ်၍ သူတို့သည် (ငြင်းပယ်မှုမှ)ရပ်စဲကြလျှင် လွန်ခဲ့သောပြစ်မှုများသည် သူတို့အတွက် ခွင့်လွှတ်ပြီးဖြစ်သည်။* ၎င်းပြင် အကယ်၍ သူတို့သည် ထပ်မံပြီး ပြုလုပ်ကြလျှင်၊ အမှန်စင်စစ် ရှေးကသူများနှင့်ပတ်သက်သော (ငါအရှင်မြတ်၏)လုပ်ထုံးလုပ်နည်း (အရေးယူနေကျပုံစံ)သည် (နမူနာအနေဖြင့်)ရောက်ရှိခဲ့ပြီဖြစ်သည်။ |