Quran with Burmese translation - Surah Al-Anfal ayat 63 - الأنفَال - Page - Juz 10
﴿وَأَلَّفَ بَيۡنَ قُلُوبِهِمۡۚ لَوۡ أَنفَقۡتَ مَا فِي ٱلۡأَرۡضِ جَمِيعٗا مَّآ أَلَّفۡتَ بَيۡنَ قُلُوبِهِمۡ وَلَٰكِنَّ ٱللَّهَ أَلَّفَ بَيۡنَهُمۡۚ إِنَّهُۥ عَزِيزٌ حَكِيمٞ ﴾
[الأنفَال: 63]
﴿وألف بين قلوبهم لو أنفقت ما في الأرض جميعا ما ألفت بين﴾ [الأنفَال: 63]
| Hashim Tin Myint ထို့ပြင် အရှင်မြတ်သည် ထို(ယုံကြည်)သူများ၏ စိတ်နှလုံးများကြားထဲတွင် ညီညွတ်စေတော်မူခဲ့သည်။ အကယ်၍ အသင်သည် ကမာ္ဘမြေပေါ်၌ရှိသမျှအရာအားလုံးကို သုံးစွဲခဲ့လျှင်လည်း သူတို့၏ စိတ်နှလုံးများ၏ကြားတွင် ညီညွတ်စေနိုင်မည် မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အရှင်မြတ်၏ တန်ခိုးတော်ဖြင့်) သူတို့၏ကြားတွင် ညီညွတ်စေတော်မူခဲ့သည်။* အမှန်ပင် အရှင်မြတ်သည် တန်ခိုးတော်နှင့်အလွန်လွှမ်းမိုးတော်မူသောအရှင်၊ ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်။ |