×

အို၊ ယုံကြည်သူအပေါင်းတို့၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အနက်မှ (သင်တို့ထဲ၌လည်း ပြတ်သားခက်ထန်မှုရှိကြောင်းကို သူတို့တွေ့မြင်နိုင်ရန်အလို့ငှာ) သင်တို့အနီးပတ်ဝန်းကျင်၌ နေထိုင်ကြ (ပြီး 9:123 Burmese translation

Quran infoBurmeseSurah At-Taubah ⮕ (9:123) ayat 123 in Burmese

9:123 Surah At-Taubah ayat 123 in Burmese (البورمية)

Quran with Burmese translation - Surah At-Taubah ayat 123 - التوبَة - Page - Juz 11

﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ قَٰتِلُواْ ٱلَّذِينَ يَلُونَكُم مِّنَ ٱلۡكُفَّارِ وَلۡيَجِدُواْ فِيكُمۡ غِلۡظَةٗۚ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ مَعَ ٱلۡمُتَّقِينَ ﴾
[التوبَة: 123]

အို၊ ယုံကြည်သူအပေါင်းတို့၊ မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့အနက်မှ (သင်တို့ထဲ၌လည်း ပြတ်သားခက်ထန်မှုရှိကြောင်းကို သူတို့တွေ့မြင်နိုင်ရန်အလို့ငှာ) သင်တို့အနီးပတ်ဝန်းကျင်၌ နေထိုင်ကြ (ပြီး သင်တို့အား အနီးကပ် လတ်တလော အန္တရာယ်ပြုနေသော) သူများကို တော်လှန်တိုက်ခိုက်ကြလော့။ ထို့ပြင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြသူတို့နှင့်အတူ ရှိတော်မူကြောင်းကိုလည်း နှလုံးသွင်း သိမှတ်ကြလော့။

❮ Previous Next ❯

ترجمة: ياأيها الذين آمنوا قاتلوا الذين يلونكم من الكفار وليجدوا فيكم غلظة واعلموا, باللغة البورمية

﴿ياأيها الذين آمنوا قاتلوا الذين يلونكم من الكفار وليجدوا فيكم غلظة واعلموا﴾ [التوبَة: 123]

Ba Sein
၁၂၃။ အို-ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် မိမိတို့ပတ်ဝန်းကျင်ရှိ မိစ္ဆာဒိဋ္ဌိတို့ကို တိုက်ခိုက်ကြလော့၊ သင်တို့သည် သူတို့အပေါ်တွင် ခက်ထန်ကြမ်းကြုတ်ကြလော့၊ အလ္လာဟ်အရှင်မြတ်သည် မိမိအမှုတော်ကို ထမ်းဆောင်သူတို့နှင့် အတူတကွရှိတော်မူသည်ကို မှတ်သားကြလော့။
Ghazi Mohammad Hashim
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့၏ အနီးပတ်ဝန်းကျင်ရှိ ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သူတို့အား တိုက်ခိုက်ကြလေကုန်၊ ထို့ပြင် ၎င်းကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သူတို့သည်အသင်တို့၌ ပြင်းထန်မှုကို တွေ့ရှိကြစေရာ၏။ ၎င်းပြင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် သူတော်စင်တို့နှင့် အတူရှိတော်မူကြောင်း အသင်တို့သည် (ကောင်းစွာ) သိထားကြလေကုန်။
Hashim Tin Myint
အို- အီမာန်ယုံကြည်သူအ‌ပေါင်းတို့၊ အသင်တို့သည် အသင်တို့အနီး၌ရှိ‌သော ကာဖိရ်များကို တိုက်ခိုက်ကြပါ။* ထို့ပြင် ထိုကာဖိရ်များသည် အသင်တို့တွင် ပြင်းထန်မှုကို ‌တွေ့ရှိ‌စေကြရမည်။* ထို့ပြင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‌ကြောက်ရွံ့အပြစ်‌ရှောင် ‌ကောင်းကျိုး‌ဆောင်သူများနှင့်အတူတကွ ရှိ‌တော်မူသည်ကို အသင်တို့ သိထားကြပါ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek