Quran with Burmese translation - Surah At-Taubah ayat 58 - التوبَة - Page - Juz 10
﴿وَمِنۡهُم مَّن يَلۡمِزُكَ فِي ٱلصَّدَقَٰتِ فَإِنۡ أُعۡطُواْ مِنۡهَا رَضُواْ وَإِن لَّمۡ يُعۡطَوۡاْ مِنۡهَآ إِذَا هُمۡ يَسۡخَطُونَ ﴾
[التوبَة: 58]
﴿ومنهم من يلمزك في الصدقات فإن أعطوا منها رضوا وإن لم يعطوا﴾ [التوبَة: 58]
Ba Sein ၅၈။ သူတို့အနက် သင့်အား အလှုပစ္စည်းများနှင့်စပ်လျဉ်း၍ အသရေဖျက်သူလည်းရှိ၏။သူတို့ကို ထိုအလှုပစ္စည်း မှ ပေးလျှင် သူတို့သည် စိတ်ကျေနပ်ကြ၏။သူတို့ကို မပေးလျှင် ကြည့်လော့၊ သူတို့သည် ဒေါသအမျက် ထောင်းထောင်းထွက်ကြ၏။ |
Ghazi Mohammad Hashim ထို့ပြင် ယင်း(မုနာဖစ်က်)တို့တွင် အသင့်အားအလှူပစ္စည်းများနှင့်စပ်လျဉ်း၍ ကဲ့ရဲ့ပြစ်တင်ရှုတ်ချ သူများလည်းရှိကြသေး၏။ သို့ရာတွင် အကယ်၍ ထိုသူတို့သည် ယင်းအလှူပစ္စည်းများအနက်မှ (မိမိတို့ စိတ်တိုင်းကျ) ရရှိခဲ့ကြလျှင်ထိုသူတို့သည် ကျေနပ်ကြလေသည်။ သို့ရာတွင် အကယ်၍၎င်းတို့သည် ထိုအလှူပစ္စည်းများအနက်မှ (မိမိတို့ စိတ်တိုင်းကျ)မရရှိခဲ့ကြပါလျှင် ရုတ်တရက်အမျက်ထွက်ကြလေသတည်း။ |
Hashim Tin Myint ထို့ပြင် သူတို့ထဲတွင် အသင့်အား အလှူပစ္စည်းများနှင့်ပတ်သက်၍ ကဲ့ရဲ့ရှုတ်ချသူများလည်း ရှိကြသေးသည်။ သို့ရာတွင် အကယ်၍ ထိုအလှူပစ္စည်းများထဲမှ သူတို့ရရှိခဲ့ကြလျှင် ကျေနပ်ကြသည်။ သို့ရာတွင် အကယ်၍ ထိုအလှူပစ္စည်းများထဲမှ သူတို့မရရှိခဲ့ကြလျှင်မူ ချက်ချင်း ဒေါသထွက်ကြသည်။ |