×

(သူတို့၏ဩဇာအာဏာနှင့်ဓနစည်းစိမ်လက်လွတ်ခံရမည်ကို စိုးရိမ်နေကြသော) ဖါရိုမင်းဆက်နှင့်မှူးမတ် အကြီးအကဲတို့၏ညှင်းပန်းနှိပ်စက်မှုအန္တရာယ်ကို ကြောက်ရွံ့နေရသည့်အတွက် သူ့လူမျိုးများအနက် လူငယ်မျိုးဆက်တစ်ခုမှအပ (အခြားသူတို့က တမန်တော်) မူဆာအား ယုံကြည်လက်ခံကြခြင်း မရှိချေ။ 10:83 Burmese translation

Quran infoBurmeseSurah Yunus ⮕ (10:83) ayat 83 in Burmese

10:83 Surah Yunus ayat 83 in Burmese (البورمية)

Quran with Burmese translation - Surah Yunus ayat 83 - يُونس - Page - Juz 11

﴿فَمَآ ءَامَنَ لِمُوسَىٰٓ إِلَّا ذُرِّيَّةٞ مِّن قَوۡمِهِۦ عَلَىٰ خَوۡفٖ مِّن فِرۡعَوۡنَ وَمَلَإِيْهِمۡ أَن يَفۡتِنَهُمۡۚ وَإِنَّ فِرۡعَوۡنَ لَعَالٖ فِي ٱلۡأَرۡضِ وَإِنَّهُۥ لَمِنَ ٱلۡمُسۡرِفِينَ ﴾
[يُونس: 83]

(သူတို့၏ဩဇာအာဏာနှင့်ဓနစည်းစိမ်လက်လွတ်ခံရမည်ကို စိုးရိမ်နေကြသော) ဖါရိုမင်းဆက်နှင့်မှူးမတ် အကြီးအကဲတို့၏ညှင်းပန်းနှိပ်စက်မှုအန္တရာယ်ကို ကြောက်ရွံ့နေရသည့်အတွက် သူ့လူမျိုးများအနက် လူငယ်မျိုးဆက်တစ်ခုမှအပ (အခြားသူတို့က တမန်တော်) မူဆာအား ယုံကြည်လက်ခံကြခြင်း မရှိချေ။ ဧကန်ပင်၊ ဖါရိုမင်း ဆက်သည် မြေကမ္ဘာ၌ နိုင်လိုမင်းထက်ပြုသော အာဏာရှင်ဖြစ်ပြီး မုချပင်၊ သူသည် အရှင့်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်လျက် (ပြည်သူ့အခွင့်အရေးကို) အလွဲသုံးစားပြုသူပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: فما آمن لموسى إلا ذرية من قومه على خوف من فرعون وملئهم, باللغة البورمية

﴿فما آمن لموسى إلا ذرية من قومه على خوف من فرعون وملئهم﴾ [يُونس: 83]

Ba Sein
၈၃။ သို့သော်သူ၏ အမျိုးသားအချို့မှတပါး အခြားသူတို့သည် တမန်တော်မူစာကို မယုံကြည်ကြချေ။ သူတို့သည် ဖွာရောမင်းနှင့် ၎င်း၏ မှုးမတ်တို့နှိပ်စက်ကလူပြုမည်ကို အလွန်ပင်ကြောက်ရွ့ံကြ၏။ မှတ်သားကြလော့၊ ဖွာရောမင်းသည် မိမိနိုင်ငံအတွင်း မတရားညှင်းပန်းနှိပ်စက်သောအာဏာရှင်မုချဖြစ်၏။ မှတ်သားကြလော့၊ သူသည် မတရားမင်းအမှန်ဖြစ်၏။
Ghazi Mohammad Hashim
ထို့နောက် နဗီတမန်တော်မူစာအား ထို(နဗီတမန်တော်မူစာ)၏ အမျိုးသားတို့အနက်မှ ဖစ်ရ်အောင်န်နှင့်မိမိတို့၏အနက်မှ အကြီးအကဲတို့သည် မိမိတို့အား အန္တရာယ်ပြုကြမည်ဟု စိုးရိမ်ကြီးစွာရှိနေကြသဖြင့် လူတစ်စုသာလျှင်ယုံစား (ယုံကြည်ထောက်ခံ) ခဲ့ကြလေသည်။ စင်စစ်မှာမူကားဖစ်ရ်အောင်န်သည်(ထိုစဉ်အခါက)တိုင်းပြည်တွင် လွှမ်းမိုးကြီးစိုးနေသူဖြစ်ခဲ့သည့်ပြင်၊ ဧကန်စင်စစ် ၎င်း သည် ကျူးကျော်လွန်ကဲသူတစ်ဦးလည်း ဖြစ်ခဲ့ပေသတည်း။
Hashim Tin Myint
ထို့‌နောက် (တမန်‌တော်)မူစာအ‌ပေါ်တွင် ၎င်း၏အမျိုးသားများထဲမှ လူငယ်တစ်စုသာ အီမာန် ယုံကြည်ခဲ့ကြသည်၊* ထိုလူတစ်စုကလည်း ဖိရ်‌အောင်န်နှင့် သူတို့၏အကြီးအကဲများက သူတို့အား ဒုက္ခ‌ပေးမည်ကို စိုးရိမ်ကြီးစွာဖြင့် ယုံကြည်ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် အမှန်စင်စစ် ဖိရ်‌အောင်န်သည် ထိုတိုင်းပြည်တွင် လွှမ်းမိုး‌နေ‌သောသူဖြစ်ခဲ့ပြီး အမှန်ပင် သူသည် စည်း‌ဘောင် ကျူး‌ကျော်သူများထဲမှဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek