Quran with Burmese translation - Surah Hud ayat 32 - هُود - Page - Juz 12
﴿قَالُواْ يَٰنُوحُ قَدۡ جَٰدَلۡتَنَا فَأَكۡثَرۡتَ جِدَٰلَنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّٰدِقِينَ ﴾
[هُود: 32]
﴿قالوا يانوح قد جادلتنا فأكثرت جدالنا فأتنا بما تعدنا إن كنت من﴾ [هُود: 32]
Ba Sein ၃၂။ သူတို့က အို-နူဟို၊ သင်သည် ငါတို့နှင့်ငြင်းခုံမှုကို ပြုပြီး ငြင်းခုံမှုကို ပွားများစေပြီး သင်သည် အမှန်ဆိုသူ ဖြစ်လျှင် သင်ခြိမ်းခြောက်သောအပြစ်ဒဏ်တော်ကို ငါတို့အပေါ်သို့ ရောက်စေလော့ဟု ပြောဆိုကြ၏။ |
Ghazi Mohammad Hashim (ထိုအခါ အမျိုးသားများက ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို-နူဟ်၊ ဧကန်မလွဲ အသင်သည် ကျွန်ုပ်တို့နှင့်အငြင်းအခုံ ပြုခဲ့လေသည်။ တစ်ဖန် အသင်သည်(ယင်းကဲ့သို့)ကျွန်ုပ်တို့နှင့် အငြင်းအခုံ ပြုခြင်းကို အလွန်များမြောင် (ကျယ်ပြန့်)စေခဲ့ပြန်၏။ သို့ဖြစ်ပေရာ အကယ်၍ အသင်သည်သစ္စာဝါဒီ မှန်ကန်စွာပြောဆိုသူဖြစ်ပါလျှင် ကျွန်ုပ်တို့အား ခြိမ်းခြောက်လျက်ရှိသော ပြစ်ဒဏ်ကို အသင်သည် ကျွန်ုပ်တို့ထံယူဆောင်ခဲ့လော့။ |
Hashim Tin Myint သူတို့က ပြောဆိုကြသည်- အို-(တမန်တော်)နူးဟ်၊ အမှန်စင်စစ် အသင်သည် ကျွန်ုပ်တို့နှင့် အငြင်းအခုံပြုခဲ့သည်။ ၎င်းနောက် အသင်သည် ကျွန်ုပ်တို့နှင့် အငြင်းအခုံကို များစွာပြုလုပ်ခဲ့ပြန်သည်။ သို့ဖြစ်ရာ အကယ်၍ အသင်သည် မှန်ကန်စွာ ပြောဆိုသူဖြစ်ခဲ့လျှင် အသင်သည် ကျွန်ုပ်တို့အား ခြိမ်းခြောက်နေသော ပြစ်ဒဏ်ကို ကျွန်ုပ်တို့ထံသို့ ယူဆောင်လာပါ။ |