×

သားက “မကြာမီ ကျွန်ုပ်သည် တောင်ထိပ်ပေါ်သို့ တက်သွားလျှင် ယင်း (တောင်) က ကျွန်ုပ်အား ရေဘေးမှ အကာအကွယ်ပေးပါလိမ့်မည်။” ဟု 11:43 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:43) ayat 43 in Burmese

11:43 Surah Hud ayat 43 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 43 - هُود - Page - Juz 12

﴿قَالَ سَـَٔاوِيٓ إِلَىٰ جَبَلٖ يَعۡصِمُنِي مِنَ ٱلۡمَآءِۚ قَالَ لَا عَاصِمَ ٱلۡيَوۡمَ مِنۡ أَمۡرِ ٱللَّهِ إِلَّا مَن رَّحِمَۚ وَحَالَ بَيۡنَهُمَا ٱلۡمَوۡجُ فَكَانَ مِنَ ٱلۡمُغۡرَقِينَ ﴾
[هُود: 43]

သားက “မကြာမီ ကျွန်ုပ်သည် တောင်ထိပ်ပေါ်သို့ တက်သွားလျှင် ယင်း (တောင်) က ကျွန်ုပ်အား ရေဘေးမှ အကာအကွယ်ပေးပါလိမ့်မည်။” ဟု ဖြေခဲ့ရာ (တမန်တော်) နူးဟ်က “ဤနေ့တွင် အရှင်မြတ်က သနားညှာတာတော်မူသည့်ပုဂ္ဂိုလ်များမှအပ (အခြားမည်သူ့အတွက်မျှ) အလ္လာဟ်အရှင်မြတ်၏စီမံချက်အမိန့်တော်မှ အကာအကွယ်ပေမည့်းသူ အလျှင်း မရှိနိုင်ပေ။” ဟု ဖြေဆိုခဲ့၏။ (ထိုစဉ်) လှိုင်းတံပိုးများသည် သူတို့နှစ်ဦးကြား ရောက်ခဲ့သောကြောင့် (သားဖြစ်) သူသည် ရေနစ်သွားသူတို့အနက်မှ တစ်ဦးအပါအဝင် ဖြစ်သွားလေ၏။

❮ Previous Next ❯

ترجمة: قال سآوي إلى جبل يعصمني من الماء قال لا عاصم اليوم من, باللغة البورمية

﴿قال سآوي إلى جبل يعصمني من الماء قال لا عاصم اليوم من﴾ [هُود: 43]

Ba Sein
၄၃။ သားက ခမည်းတော်၊ အကျွနု်ပ်သည် ရေမှ ကယ်ဆယ်မည့်တောင်ထိပ်တစ်ခုခုပေါ်သို့ တက်၍ နေပါမည်ဟု ပြန်ပြော၏။ ထိုအခါတမန်တော်နူဟိုက ဟယ်-ချစ်သား၊ ယနေ့၌မူကား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော် သက်ရောက်ပြီးသောသူမှတပါး အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မှ ကယ်မည့်သူများလုံးဝမရှိချေဟု ဆို၏။ ယင်းခဏပင် သူတို့၏ အလယ်ကြားသို့ လှိုင်းတံပိုးတက်ကြွလာ၏။ ထိုသူသည် ရေတွင် နစ်မြုပ်သွားလေ၏။
Ghazi Mohammad Hashim
ထို(နဗီတမန်တော်၏)သားက ကျွန်ုပ်သည် ယခုပင် တောင်တစ်ခုခုသို့(တက်၍) အကာအကွယ်ယူမည်။ ထိုတောင်သည် ကျွန်ုပ်အား ရေဘေးမှ ထိန်းသိမ်းကာကွယ်ပေလိမ့်မည်ဟု ပြောဆိုခဲ့လေ၏။ (ထိုအခါ) ယင်း(နဗီတမန်တော်နူဟ်)က ယနေ့မူကား အလ္လာဟ်အရှင်မြတ်အမိန့်တော်မှ(ပြစ်ဒဏ်တော်မှ) ထိန်းသိမ်းကာကွယ်မည့်သူ အလျဉ်း မရှိချေ။ထိုအရှင်မြတ်က သနားညှာတာတော်မူသောသူမှတစ်ပါး(မည်သူတစ်ဦးတစ်ယောက်မျှ ဤပြစ်ဒဏ်မှ လွတ် မြောက်နိုင်လိမ့်မည် မဟုတ်ပေတကား၊) ထို့နောက် လှိုင်းတံပိုး(များ)သည်၎င်းတို့(သားအဖ)နှစ်ဦး၏စပ်ကြားဝယ် ကြားဝင်(ဆီးကာ)ခဲ့လေသည်။ သို့ဖြစ် ပေရာ ၎င်းသည် နှစ်မြုပ်ခြင်းခံရသူတို့တွင်အပါအဝင် ဖြစ်ခဲ့လေသတည်း။
Hashim Tin Myint
၎င်း၏သားက ‌ပြောဆိုသည်- ကျွန်ုပ်သည် မကြာမီ ‌တောင်တစ်ခုထံသို့ အကာအကွယ်ယူလိုက်မည်။ ထို‌တောင်သည် ကျွန်ုပ်ကို ‌ရေ‌ဘေးမှကာကွယ်လိမ့်မည်။ ၎င်း(တမန်‌တော် နူးဟ်)က ‌ပြောဆိုသည်- ယ‌နေ့မူ အလ္လာဟ်အရှင်မြတ် သနား‌တော်မူ‌သောသူမှလွဲ၍ အရှင်မြတ်၏အမိန့်‌တော်(အပြစ်ဒဏ်)မှ (လွတ်‌မြောက်‌အောင်)ကာကွယ်မည့်သူ လုံးဝ မရှိ‌ပေ။ ထို့‌နောက် လှိုင်းတံပိုးသည် ၎င်းတို့(သားအဖ)နှစ်ဦး၏စပ်ကြား၌ ကာဆီးသွား‌တော့သည်။ ထို့‌နောက် သူသည် နစ်မြုပ်ခြင်းခံရသူများထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek