×

(ထိုအခါ၊ ထိုသတင်းဆောင် စေတမန်များဖြစ်ကြသော) သူတို့က “အလ္လာဟ်အရှင်မြတ်၏ စီမံချက်အမိန့် တော်ကြောင့် အံ့အားသင့်ကြသလော။ အိုအိမ်တော်သားအပေါင်းတို့၊ သင်တို့အပေါ် အလ္လာဟ်အ ရှင်မြတ်၏ကရုဏာတော်နှင့်ကျက်သရေမင်္ဂလာအဖြာဖြာ 11:73 Burmese translation

Quran infoBurmeseSurah Hud ⮕ (11:73) ayat 73 in Burmese

11:73 Surah Hud ayat 73 in Burmese (البورمية)

Quran with Burmese translation - Surah Hud ayat 73 - هُود - Page - Juz 12

﴿قَالُوٓاْ أَتَعۡجَبِينَ مِنۡ أَمۡرِ ٱللَّهِۖ رَحۡمَتُ ٱللَّهِ وَبَرَكَٰتُهُۥ عَلَيۡكُمۡ أَهۡلَ ٱلۡبَيۡتِۚ إِنَّهُۥ حَمِيدٞ مَّجِيدٞ ﴾
[هُود: 73]

(ထိုအခါ၊ ထိုသတင်းဆောင် စေတမန်များဖြစ်ကြသော) သူတို့က “အလ္လာဟ်အရှင်မြတ်၏ စီမံချက်အမိန့် တော်ကြောင့် အံ့အားသင့်ကြသလော။ အိုအိမ်တော်သားအပေါင်းတို့၊ သင်တို့အပေါ် အလ္လာဟ်အ ရှင်မြတ်၏ကရုဏာတော်နှင့်ကျက်သရေမင်္ဂလာအဖြာဖြာ သက်ရောက်ပါစေ။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် (အရှင့်အစေခံ လူသားတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးတော်မူ၍) ချီးမွမ်းမှုအလုံးစုံနှင့်ထိုက်တန်တော်မူသောအရှင်၊ ကြည်ညိုဖွယ်ရာ ဂုဏ်ကျက်သရေအလုံးစုံနှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူ၏။” ဟု ပြောဆိုခဲ့ကြ၏။

❮ Previous Next ❯

ترجمة: قالوا أتعجبين من أمر الله رحمة الله وبركاته عليكم أهل البيت إنه, باللغة البورمية

﴿قالوا أتعجبين من أمر الله رحمة الله وبركاته عليكم أهل البيت إنه﴾ [هُود: 73]

Ba Sein
၇၃။ ထိုအခါ ဧည့်သည်တော်တို့က သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဗျာဒိတ်တော်ကို အ့ံသြပါသလော။ အို-အိမ်သူအိမ်သားတို့၊ အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့် ကောင်းကြီးမင်္ဂလာတို့သည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်ဝ်။ မှတ်သားကြလော့၊ အရှင်မြတ်သည် ချီးမွမ်းခြင်းပိုင်ရှင်၊ ဂုဏ်ပိုင်ရှင်ဖြစ်တော်မူပါ၏ ဟု ပြောကြ၏။
Ghazi Mohammad Hashim
ထိုစေတမန်တို့က (နဗီတမန်တော်ဣဗ်ရာဟီမ်၏ကြင်ရာတော် စာရဟ်သခင်မအား ဤသို့) ပြောဆိုဖြေကြားခဲ့ကြလေသည်။ အသင်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို အံ့ဩ၍နေပါသလော။ အို-(နဗီတမန်တော်အစ်ဗ်ရာဟီမ်၏) အိမ်သူအိမ်သားတို့ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်သည်လည်း ကောင်း၊ ထိုအရှင်မြတ်၏ ကောင်းချီးမင်္ဂလာအဖြာဖြာတို့သည်လည်းကောင်း၊ အသင်တို့အပေါ်၌ကျရောက် မြဲပင် ဖြစ်ချေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ချီးမွမ်းထောပနာပြုခြင်းကို ခံထိုက်တော်မူသောအရှင်၊ အထူးဂုဏ်ကျက်သရေနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
သူတို့(‌စေတမန်များ)က ‌ပြောဆိုခဲ့ကြသည်- အသင်မသည် အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ကို အံ့ဩ‌နေပါသ‌လော။* အို- (တမန်‌တော်အိဗ်ရာဟီမ်၏)အိမ်သူ အိမ်သားတို့၊ အလ္လာဟ်အရှင်မြတ်၏ကရုဏာနှင့် အရှင်မြတ်၏မဂင်္လာများသည် အသင်တို့အ‌ပေါ်တွင် ကျ‌ရောက်မြဲဖြစ်သည်။ အမှန်စင်စစ် အရှင်မြတ်သည် အလွန်ချီးမွမ်းခြင်းခံထိုက်‌တော်မူ‌သောအရှင်၊ အလွန်ကြီးကျယ်မြင့်မြတ်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek