Quran with Burmese translation - Surah Yusuf ayat 75 - يُوسُف - Page - Juz 13
﴿قَالُواْ جَزَٰٓؤُهُۥ مَن وُجِدَ فِي رَحۡلِهِۦ فَهُوَ جَزَٰٓؤُهُۥۚ كَذَٰلِكَ نَجۡزِي ٱلظَّٰلِمِينَ ﴾
[يُوسُف: 75]
﴿قالوا جزاؤه من وجد في رحله فهو جزاؤه كذلك نجزي الظالمين﴾ [يُوسُف: 75]
Ba Sein ၇၅။ ညီနောင်တို့၊ ဤအပြစ်ဒဏ်ကို ပေးကြပါလော့။ အကြင်သူ၏ အိတ်ထဲတွင် ဖလားကို တွေ့အ့ံ။ ထိုသူကို သင်တို့ဖမ်းယူထားကြလော့။ အကျွနု်ပ်တို့သည် အပြစ်ရှိသူကို ယင်းကဲ့သို့လက်စားချေကြ၏။ |
Ghazi Mohammad Hashim ၎င်းတို့က (ဤသို့) ပြောကြားခဲ့ကြလေသည်။အကြင်သူသည် ထိုသူ၏ ခရီးဆောင်ပစ္စည်းတွင် ယင်းခြင်ခွက်(ရေဖလား)သည် တွေ့ရှိခဲ့သော်၊ ထိုသူသည်ပင် မိမိ၏အစားဖြစ်ပေမည်။ ကျွန်ုပ်တို့သည် ဤနည်းအတိုင်းပင် ပြစ်မှုကျူးလွန်သူတို့အား အစားပေးလေ့ရှိကြကုန်၏။ |
Hashim Tin Myint သူတို့က ပြောဆိုကြသည်- အကြင်သူ၏ခရီးဆောင်ပစ္စည်းထဲ၌ ထို(ခိုးရာပါ)ပစ္စည်းတွေ့ရှိခဲ့လျှင် ထိုသူကိုယ်တိုင်ကိုပင် ထို(ခိုးသောပစ္စည်း၏)အစားအဖြစ် ယူလိုက်ရမည်ဖြစ်သည်။* ကျွန်ုပ်တို့သည် ဤနည်းဖြင့်ပင် အပြစ်ကျူးလွန်သူများကို အစားပေးလေ့ရှိကြသည်။ |