Quran with Burmese translation - Surah Yusuf ayat 89 - يُوسُف - Page - Juz 13
﴿قَالَ هَلۡ عَلِمۡتُم مَّا فَعَلۡتُم بِيُوسُفَ وَأَخِيهِ إِذۡ أَنتُمۡ جَٰهِلُونَ ﴾
[يُوسُف: 89]
﴿قال هل علمتم ما فعلتم بيوسف وأخيه إذ أنتم جاهلون﴾ [يُوسُف: 89]
Ba Sein ၈၉။ တမန်တော်ယူစွတ်(ဖ်)က သင်တို့သည် မိမိတို့တရားမသိ မောဟဖုံးလွှမ်းခြင်းကြောင့် ယူစွတ်(ဖ်)နှင့် သူ့ညီတို့ အပေါ်ကို အဘယ်အမှုပြုကျင့်မိသည်ကို သင်တို့သိပါသလားဟု မေးမြန်း၏။ |
Ghazi Mohammad Hashim ထို(ရောအခါဝယ်) ယူဆွဖ်က (၎င်းတို့အား ဤသို့) ပြောဆိုမေးမြန်းခဲ့လေသည်။ အသင်တို့သည် မိမိတို့မသိမိုက်မဲသူများ ဖြစ်ခဲ့ကြစဉ်အခါက မိမိတို့သည် ယူစုဖ်နှင့်လည်းကောင်း၊ ယင်းယူဆွဖ်၏ ညီငယ်အားလည်းကောင်း၊ မည်သည့်အပြုအမူကို ပြုမူ ခဲ့ကြသည်ကို အသင်မှတ်မိကြသေးသလော။ |
Hashim Tin Myint ၎င်း(ယူစွဖ်)က ပြောဆိုမေးမြန်းခဲ့သည်- အသင်တို့သည် အသင်တို့ မသိမိုက်မဲသောသူများ ဖြစ်ခဲ့ကြစဉ်က အသင်တို့သည် ယူစွဖ်နှင့် ၎င်း၏ညီငယ်အား မည်သို့အပြုအမူကို ပြုမူခဲ့ကြသည်ဆိုသည်ကို အသင်တို့ မှတ်မိကြ၏လော။ |