Quran with Burmese translation - Surah Yusuf ayat 96 - يُوسُف - Page - Juz 13
﴿فَلَمَّآ أَن جَآءَ ٱلۡبَشِيرُ أَلۡقَىٰهُ عَلَىٰ وَجۡهِهِۦ فَٱرۡتَدَّ بَصِيرٗاۖ قَالَ أَلَمۡ أَقُل لَّكُمۡ إِنِّيٓ أَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ ﴾
[يُوسُف: 96]
﴿فلما أن جاء البشير ألقاه على وجهه فارتد بصيرا قال ألم أقل﴾ [يُوسُف: 96]
Ba Sein ၉၆။ ထို့နောက်သတင်းကောင်းကို ယူဆောင်လာသူရောက်ရှိလာ၏။ အကျႌကို ဖခင်၏ မျက်နှာပေါ်တွင် တင်ထားလတ် သော်၊ ဖခင်သည် မျက်စိအလင်းရောင်ကို ပြန်၍ ရရှိ၏။ သူက ငါသည် အလ္လာဟ်အရှင်မြတ်အထံတော်မှ သင်တို့မသိသောအရာကို သိရ၏ဟု ငါ သင်တို့အား မပြောဘူးလားဟု မေးမြန်း၏။ |
Ghazi Mohammad Hashim တစ်ဖန် ဝမ်းမြောက်ဖွယ် သတင်းကို ယူဆောင်၍လာသောသူသည် (ခမည်းတော်ထံသို့) ရောက်ရှိလာသောအခါ၊ ၎င်းသည် ယင်းအင်္ကျီကို ထိုခမည်းတော်၏ မျက်နှာပေါ်သို့ တင်ခဲ့လေသည်။ သို့ဖြစ်ပေရာ ယင်းခမည်းတော်သည်ပြန်၍ စက္ခုအလင်း ရရှိလာခဲ့လေသည်။ ထို(အခါ)ယင်းခမည်းတော်က (ဤသို့)ပြောဆိုခဲ့လေသည်။ ငါသည် အသင်တို့အားအလ္လာဟ်အရှင်မြတ်ထံတော်မှ အသင်တို့ မသိနားမလည်သောပညာကို ဧကန်စင်စစ် သိနားလည်သည်ဟု ပြောဆိုခဲ့သည်မဟုတ်ပါလော။ |
Hashim Tin Myint ထို့နောက် ဝမ်းမြောက်ဖွယ်သတင်းကို ယူဆောင်လာသောသူသည် (ဖခင်ထံသို့)ရောက်သောအခါ၊ သူက ထိုအကင်္ျီကို ဖခင်၏မျက်နှာပေါ်သို့ တင်လိုက်သည်နှင့် ဖခင်သည် မျက်စိအလင်း ပြန်ရရှိလာခဲ့တော့သည်။ ဖခင်က ပြောဆိုခဲ့သည်- ငါသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အသင်တို့ မသိနားမလည်သောပညာကို အမှန်ပင် သိနားလည်သည်ဟု အသင်တို့အား ပြောဆိုခဲ့သည် မဟုတ်လော။ |