Quran with Burmese translation - Surah Yusuf ayat 99 - يُوسُف - Page - Juz 13
﴿فَلَمَّا دَخَلُواْ عَلَىٰ يُوسُفَ ءَاوَىٰٓ إِلَيۡهِ أَبَوَيۡهِ وَقَالَ ٱدۡخُلُواْ مِصۡرَ إِن شَآءَ ٱللَّهُ ءَامِنِينَ ﴾
[يُوسُف: 99]
﴿فلما دخلوا على يوسف آوى إليه أبويه وقال ادخلوا مصر إن شاء﴾ [يُوسُف: 99]
Ba Sein ၉၉။ သူတို့သည် တမန်တော်ယူစွတ်(ဖ်)ရှေ့သို့ ဝင်သောအခါ သူသည် မိမိ၏ မိဘတို့ကို မိမိထံသို့ ခေါ်ပြီးနောက် အလ္လာဟ်အရှင်မြတ်အလိုတော်ရှိပါလျှင် အီဂျစ်တိုင်းပြည်တွင်းသို့ လုံခြံုစွာဝင်ကြပါဟု ပင့်ဖိတ်သည်။ |
Ghazi Mohammad Hashim ထို့နောက် တစ်ဖန်၊ ၎င်းတို့ (သားအမိ သားအဖအားလုံးတို့) (အစ္စရာအီလီတစ်မျိုးသားလုံးတို့)သည် ယူဆွဖ်ထံသို့ ဝင်ရောက်ခဲ့ကြလေသောအခါ ထိုယူဆွဖ်သည် မိမိခမည်းတော်မယ်တော်နှစ်ပါးကို မိမိထံတွင် နေရာချ၍ပေးခဲ့လေသည်။ ၎င်းပြင် ယင်းယူဆွဖ်က (ဤသို့)ပြောဆို လျှောက်ထားခဲ့လေသည်။ (အို-ခမည်းတော် မယ်တော်တို့၊ ခမည်းတော်မယ်တော် နှင့်နောင်တော်တို့အားလုံး) အီဂျစ်မြို့ထဲသို့ ကြွမြန်းတော်မူကြပါ။ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ဘေးရန်ကင်းငြိမ်းစွာ (နေထိုင်ကြရပါမည်ဖြစ်ပါသည်)။ |
Hashim Tin Myint ထို့နောက် သူတို့(အစ္စရာအီလ် မျိုးနွယ်တစ်ခုလုံး၏ မိသားစုများ)သည် ယူစွဖ်ထံသို့ ဝင်ရောက်ခဲ့ကြသောအခါ ၎င်းသည် ၎င်း၏မိဘနှစ်ပါးကို ၎င်း၏ထံ၌ နေရာချပေးခဲ့သည်။ ထို့နောက် ၎င်းက (ဤသို့)လျှောက်ထားခဲ့သည်၊ (အို- ကျွန်ုပ်၏မိသားစုအပေါင်းတို့၊) အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူလျှင် ဘေးရန်ကင်းရှင်းစွာဖြင့် အီဂျစ်မြို့ထဲသို့ ဝင်ရောက်ကြပါ။ |