Quran with Burmese translation - Surah Ibrahim ayat 12 - إبراهِيم - Page - Juz 13
﴿وَمَا لَنَآ أَلَّا نَتَوَكَّلَ عَلَى ٱللَّهِ وَقَدۡ هَدَىٰنَا سُبُلَنَاۚ وَلَنَصۡبِرَنَّ عَلَىٰ مَآ ءَاذَيۡتُمُونَاۚ وَعَلَى ٱللَّهِ فَلۡيَتَوَكَّلِ ٱلۡمُتَوَكِّلُونَ ﴾
[إبراهِيم: 12]
﴿وما لنا ألا نتوكل على الله وقد هدانا سبلنا ولنصبرن على ما﴾ [إبراهِيم: 12]
Ba Sein ၁၂။ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်တို့အား မိမိတို့၏ လမ်းများကို ပြသတော်မူပြီးမှ အကျွန်ုပ်တို့သည် မည်သည် ကြောင့် မယုံကြည်မကိုးစားသင့်သနည်း။ အကျွနု်ပ်တို့သည် သင်တို့နှိပ်စက်ညှင်းပန်းခြင်းကို မုချဧကန်သည်းခံ ကြမည်။ ယုံကြည်သူတို့သည် အရှင်မြတ်အား ယုံကြည်ကိုးစားကြစေကုန်။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ငါတိုသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ထားခြင်းကို မပြုကြရန် ငါတို့၌ မည်သည့်အကြောင်းရှိပါသနည်း။ အမှန်သော်ကား ထိုအရှင်မြတ်သည် ငါတို့အား ငါတို့၏ (အကျိုးဖြစ်ထွန်းစေမည့်) လမ်းများကိုညွှန်ကြား ပြသတော်မူခဲ့လေသည်။ ၎င်းပြင် အမှန်ပင် ငါတို့သည် အသင်တို့ ငါတို့အား ဘေးဒုက္ခပေးခဲ့ကြသည်များနှင့်စပ်လျဉ်း၍ မုချသည်းခံကြရတော့မည် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အမှန်စင်စစ် ယုံပုံလွှဲအပ် အားကိုးအားထားသူတို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌သာလျှင် ယုံပုံလွှဲအပ်အားကိုးအားထား ပြုလုပ်ကြရာ ကုန်သတည်း။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်သည် ငါတို့အား ငါတို့၏(မှန်ကန်သော)လမ်းများကို အမှန်ပင် ညွှန်ကြားပြသတော်မူခဲ့ပါလျက် ငါတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံပုံလွှဲအပ်ခြင်းမပြုရန် ငါတို့တွင် မည်သည့်အကြောင်းရှိသနည်း။ ထို့ပြင် အသင်တို့က ငါတို့အား ဒုက္ခပေးခဲ့သည်များနှင့်ပတ်သက်၍ ငါတို့သည် အမှန်ပင် သည်းခံကြရတော့မည် ဖြစ်သည်။ ၎င်းနောက် သို့ဖြစ်ရာ ယုံပုံလွှဲအပ်သူများသည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ကြရမည်ဖြစ်သည်။ |