Quran with Burmese translation - Surah Ibrahim ayat 13 - إبراهِيم - Page - Juz 13
﴿وَقَالَ ٱلَّذِينَ كَفَرُواْ لِرُسُلِهِمۡ لَنُخۡرِجَنَّكُم مِّنۡ أَرۡضِنَآ أَوۡ لَتَعُودُنَّ فِي مِلَّتِنَاۖ فَأَوۡحَىٰٓ إِلَيۡهِمۡ رَبُّهُمۡ لَنُهۡلِكَنَّ ٱلظَّٰلِمِينَ ﴾
[إبراهِيم: 13]
﴿وقال الذين كفروا لرسلهم لنخرجنكم من أرضنا أو لتعودن في ملتنا فأوحى﴾ [إبراهِيم: 13]
Ba Sein ၁၃။ မယုံကြည်သူတို့သည် မိမိတို့တမန်တော်တို့အား သင်တို့သည် အကျွနု်ပ်တို့၏ ဘာသာတရားဘက်သို့ ပြန်မလာ လျှင် အကျွနု်ပ်တို့သည် သင်တို့အား အကျွနု်ပ်တို့တိုင်းပြည်မှ အမှန်နှင်ထုတ်ကြမည်ဟု ပြောကြ၏။ ထိုအခါ တမန်တော်တို့အား သူတို့၏ ကျေးဇူးတော်သခင်က သူတို့၏ စိတ်အတွင်း၌ ဤသို့ဗျာဒိတ်တော်ပေးတော်မူ၏။ ငါအရှင်မြတ်သည် မတရားပြုသူတို့ကို မုချဧကန်ဖျက်ဆီးတော်မူမည်။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့သည်မိမိတို့ ရစူလ်တမန်တော်များအားဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့အား ကျွန်ုပ်တို့၏ မြို့ရွာ၊နယ်မြေအတွင်းမှ မုချနှင်ထုတ်ကြပေမည်။ သို့တည်းမဟုတ်အသင်တို့သည် ကျွန်ုပ်ကို၏သာသနာထဲသို့ မုချပြန်ဝင်ကြရလိမ့်မည်ဟုပြောဆို (ခြိမ်းခြောက်)ခဲ့လေသည်။ ထိုရောအခါဝယ် ၎င်းရစူလ်တမန်တော်များထံ ၎င်းတို့၏အရှင်မြတ်ကမလွဲဧကန် ငါအရှင်မြတ်သည်(ဤသို့) မတရားပြုမူသောသူတို့အား မုချပျက်စီးစေတော်မူအံ့ဟု အမိန့်တော်ချပေးတော်မူခဲ့လေသတည်း။ |
Hashim Tin Myint ထို့ပြင် ကာဖိရ်များက သူတို့၏တမန်တော်များအား ပြောဆိုကြသည်- ကျွန်ုပ်တို့သည် အသင်တို့အား ကျွန်ုပ်တို့၏ မြို့ရွာဒေသမှ အမှန်စင်စစ် နှင်ထုတ်ကြမည်၊ သို့မဟုတ် အသင်တို့သည် ကျွန်ုပ်တို့၏သာသနာထဲသို့ အမှန်ပင် ပြန်ဝင်ကြရလိမ့်မည်။* သို့ဖြစ်ရာ သူတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က သူတို့ထံသို့ အမိန့်တော် ထုတ်ပြန်တော်မူခဲ့သည်- အမှန်စင်စစ် မတရားသူများအား ငါအရှင်မြတ်သည် ဖျက်ဆီးပစ်တော်မူမည်။ |