Quran with Burmese translation - Surah Al-hijr ayat 47 - الحِجر - Page - Juz 14
﴿وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلٍّ إِخۡوَٰنًا عَلَىٰ سُرُرٖ مُّتَقَٰبِلِينَ ﴾
[الحِجر: 47]
﴿ونـزعنا ما في صدورهم من غل إخوانا على سرر متقابلين﴾ [الحِجر: 47]
Ba Sein ၄၇။ ထို့အပြင် ငါအရှင်မြတ်သည် သူတို့၏ စိတ်နှလုံးအတွင်းရှိ ရန်ငြိုးထားခြင်စိတ်သဘောကို ဖယ်နှုတ်ပစ်တော်မူ၏။ သူတို့သည် ပလ္လင်များပေါ်၌ မျက်နှာချင်းဆိုင်၍ ခင်ခင်မင်မင်စံစားနေထိုင်ကြ၏။ |
Ghazi Mohammad Hashim ထို့ပြင် ငါအရှင်မြတ်သည် ယင်းသူတော်စင်တို့၏ စိတ်နှလုံးများတွင် (ကျန်)ရှိနေသေးသော ရန်ငြိုးရန်စအာဃာတကို ထုတ်ပစ်တော်မူမည်။ (၎င်းတို့သည်)သလွန်များပေါ်၌ မျက်နှာချင်းဆိုင်ကြလျက် ညီသားအစ်ကိုများဖြစ်ကာ(ခင်မင်ရင်းနှီးစွာ) ရှိနေကြပေမည်။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများထဲ၌ (ကျန်)ရှိနေသေးသော ရန်ငြိုးကို ထုတ်ပစ်တော်မူမည်။ (သူတို့သည်)မြင့်မားသောထိုင်ခုံများပေါ်၌ မျက်နှာချင်းဆိုင်(ထိုက်ပြီး) ညီရင်းအစ်ကိုများ ဖြစ်နေကြမည်။ |