×

ထို့ပြင် အမှန်တရားသစ္စာအတွက် မှန်ကန်သောအကြောင်းရင်းပေါ်အခြေခံ၍ တရားမျှတစွာ စီရင်ခြင်းမှအပ သင်တို့သည် အလ္လာဟ်အရှင်မြတ်က မသတ်ကြရန် တားမြစ်ထားတော်မူသော မည်သည့် နဖ်စ် (ခေါ် 17:33 Burmese translation

Quran infoBurmeseSurah Al-Isra’ ⮕ (17:33) ayat 33 in Burmese

17:33 Surah Al-Isra’ ayat 33 in Burmese (البورمية)

Quran with Burmese translation - Surah Al-Isra’ ayat 33 - الإسرَاء - Page - Juz 15

﴿وَلَا تَقۡتُلُواْ ٱلنَّفۡسَ ٱلَّتِي حَرَّمَ ٱللَّهُ إِلَّا بِٱلۡحَقِّۗ وَمَن قُتِلَ مَظۡلُومٗا فَقَدۡ جَعَلۡنَا لِوَلِيِّهِۦ سُلۡطَٰنٗا فَلَا يُسۡرِف فِّي ٱلۡقَتۡلِۖ إِنَّهُۥ كَانَ مَنصُورٗا ﴾
[الإسرَاء: 33]

ထို့ပြင် အမှန်တရားသစ္စာအတွက် မှန်ကန်သောအကြောင်းရင်းပေါ်အခြေခံ၍ တရားမျှတစွာ စီရင်ခြင်းမှအပ သင်တို့သည် အလ္လာဟ်အရှင်မြတ်က မသတ်ကြရန် တားမြစ်ထားတော်မူသော မည်သည့် နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်ကိုမျှ သတ်ဖြတ်ခြင်း မပြုကြလေနှင့်။ စင်စစ်သော်ကား မည်သူမဆိုသည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား သတ်ဖြတ်သူ၏သတ်ဖြတ်ခြင်းကိုခံရလျှင် ဧကန်ပင်၊ ငါအရှင်မြတ်သည် (သူအသတ်ခံရခြင်းအတွက် လက်တုံ့ပြန်ရန် သို့မဟုတ် လျှော်ကြေးတောင်းခံရန် သို့မဟုတ် တရားခံအား ခွင့်လွှတ်ရန် ပြောရေးဆိုခွင့်ရှိသူအဖြစ်) သူ၏အမွေစားအမွေခံအား အခွင့်အာဏာရှိသူ ဖြစ်စေတော်မူ၏။ သို့ရာတွင် ယင်းအမွေ စားအမွေခံသည် သတ်ဖြတ်ခံရသူ၏အခွင့်အရေးနှင့်စပ်လျဉ်း၍ စည်းဘောင်ကျူးလွန်လျက် အလွဲသုံးစားမပြုကြလေနှင့်။ ဧကန်ပင်၊ ထိုသူသည် (အရှင်မြတ်၏အမိန့်ဥပဒေဆိုင်ရာ ကျင့်ထုံးနှင့်လုံလောက်သော ထောက်ခံမှုဖြင့်) ကူညီထောက်ခံမှုကို ရရှိပြီးဖြစ်၏။

❮ Previous Next ❯

ترجمة: ولا تقتلوا النفس التي حرم الله إلا بالحق ومن قتل مظلوما فقد, باللغة البورمية

﴿ولا تقتلوا النفس التي حرم الله إلا بالحق ومن قتل مظلوما فقد﴾ [الإسرَاء: 33]

Ba Sein
၃၃။ တရားသဖြင့် သတ်ဖြတ်ခြင်းမှတပါး အသက်ကို မသတ်ရဟု အလ္လာဟ်အရှင်မြတ်ပညတ်တော်မူသောတရားတော် ကို ကျူးလွန်၍ သူတပါးအသက်ကို မသတ်ကြလင့်၊ အကြင်သူကို မတရားသတ်ဖြတ်အ့ံ။ ထိုသူ၏ အမွေစား အမွေခံအား လက်စားချေခွင့် ငါပေးသနားတော်မူ၏။ သို့သော်သူသည် သတ်ဖြတ်ရာ၌ လွန်ကျူးခြင်းကို မပြုရချေ။ မှတ်သားလော့။ လက်စားချေမှု၌ သူ့ကို ကူညီစောင့်ရှောက်တော်မူမည်။
Ghazi Mohammad Hashim
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ပညတ်ထားတော်မူသော အသက်ဇီဝိန်ကို မှန်ကန်သော အကြောင်းမရှိဘဲလျက် သတ်ဖြတ်ခြင်း မပြုကြရချေ။စင်စစ်သော်ကား မတရားသဖြင့် သတ်ဖြတ်ခြင်း ခံရသောသူ၏ ပြောရေးဆိုခွင့်ရှိသောအမွေစားအမွေခံအား ဧကန်စင်စစ်ငါအရှင်မြတ်သည် အခွင့်အာဏာကို ချီးမြှင့်၍ထားတော်မူခဲ့လေသည်။ သို့ရာတွင် ယင်းအမွေစားအမွေခံသည် သတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ စည်းကမ်းကို မကျူးလွန်ရချေ။ အကြောင်းသော်ကား ထိုအမွေ စားအမွေခံသည် (အလ္လာဟ်အရှင်မြတ်၏)ကူညီထောက်ခံမှုကို ရရှိပြီးဖြစ်သောကြောင့်ပင်တည်း။
Hashim Tin Myint
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ထား‌သော အသက်ကို မှန်ကန်သည့်အ‌ကြောင်းမရှိဘဲ (မတရားသဖြင့်)သတ်ဖြတ်မှု မပြုကြနှင့်။* ထို့ပြင် အကြင်သူသည် မတရားသတ်ဖြတ်ခံရလျှင် သို့ဖြစ်ရာ မတရားသတ်ဖြတ်ခံရ‌သောသူ၏အ‌မွေစား အ‌မွေခံကို အမှန်စင်စစ် ငါအရှင်မြတ်သည် အခွင့်အာဏာ‌ပေးထား‌တော်မူသည်။ ထို့‌နောက် ထိုအ‌မွေစားအ‌မွေခံသည် သတ်ဖြတ်မှုနှင့်ပတ်သက်၍ ‌ဘောင်မ‌ကျော်ရ‌ပေ။* အမှန်စင်စစ် ထိုသူသည် ကူညီ‌ထောက်ခံမှု ရရှိပြီးဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek