×

ငါအရှင်မြတ်သည် သူတို့က ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) နှင့်စပ်လျဉ်း၍ နားစွင့်လျက် မည်သည့် အကြောင်းအရာအား ကြားနာလိုသည်ကိုလည်းကောင်း၊ အသင့်ဘက်လှည့်၍ နားထောင်ပြီးနောက် သူတိ့အချင်းချင်း 17:47 Burmese translation

Quran infoBurmeseSurah Al-Isra’ ⮕ (17:47) ayat 47 in Burmese

17:47 Surah Al-Isra’ ayat 47 in Burmese (البورمية)

Quran with Burmese translation - Surah Al-Isra’ ayat 47 - الإسرَاء - Page - Juz 15

﴿نَّحۡنُ أَعۡلَمُ بِمَا يَسۡتَمِعُونَ بِهِۦٓ إِذۡ يَسۡتَمِعُونَ إِلَيۡكَ وَإِذۡ هُمۡ نَجۡوَىٰٓ إِذۡ يَقُولُ ٱلظَّٰلِمُونَ إِن تَتَّبِعُونَ إِلَّا رَجُلٗا مَّسۡحُورًا ﴾
[الإسرَاء: 47]

ငါအရှင်မြတ်သည် သူတို့က ယင်း (ကျမ်းတော်မြတ်ကုရ်အာန်) နှင့်စပ်လျဉ်း၍ နားစွင့်လျက် မည်သည့် အကြောင်းအရာအား ကြားနာလိုသည်ကိုလည်းကောင်း၊ အသင့်ဘက်လှည့်၍ နားထောင်ပြီးနောက် သူတိ့အချင်းချင်း သီးသန့်တွေ့ဆုံ၍ လျှို့ဝှက်စွာ တိုင်ပင်ကြသည့်အခါ ထိုအရှင့်စည်းမျဥ်းတော်များကို ကျူးလွန် ဖောက်ဖျက်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့က ''(တမန်တော်မုဟမ္မဒ်နောက်ကို လိုက်ခြင်းဖြင့်) သင်တို့သည် မှော်ပညာဖြင့် ညှို့ဖမ်းစားခြင်းခံရသောသူ၏နောက်သို့ လိုက်နေကြ၏။'' ဟု ပြောဆိုကြသည်ကို လည်းကောင်း၊ ငါအရှင်မြတ်သည် ကောင်းစွာ သိနေတော်မူ၏။

❮ Previous Next ❯

ترجمة: نحن أعلم بما يستمعون به إذ يستمعون إليك وإذ هم نجوى إذ, باللغة البورمية

﴿نحن أعلم بما يستمعون به إذ يستمعون إليك وإذ هم نجوى إذ﴾ [الإسرَاء: 47]

Ba Sein
၄၇။ သင့်ကို သူတို့နားထောင်သောအခါ သူတို့သည် အဘယ်အရာကို ကြားနာချင်ကြသည်ကို ငါအရှင်မြတ်ကောင်းစွာ သိတော်မူ၏။ သူတို့အချင်းချင်း တိတ်တဆိတ်တိုင်ပင်နှီးနှောသောအခါ မကောင်းမှုပြုကျင့်သူတို့က သင်တို့သည် စုံးပူးနေသောသူကိုသာ လိုက်နာကြ၏ဟု ဆိုကြ၏။
Ghazi Mohammad Hashim
ထိုသူတို့သည် အသင်ဘက်သို့ နားစွင့်ကြ၍မည်သည့်အကြောင်းကြောင့် (ယင်းကုရ်အာန်ကျမ်းတော် ကို)နားထောင်ကြသည်ကိုလည်းကောင်း၊ ထိုမှတစ်ပါး ထိုသူတို့သည်(အချင်းချင်း)လျှို့ဝှက်စွာ ပြောဆိုတိုင်ပင်ကြသောအခါ အသင်တို့သည် စုန်းပြုစားခြင်းခံရသောသူ၏ နောက်သို့လိုက်နေကြသည် ဟု ပြော ဆိုကြသည်ကိုလည်းကောင်း၊ ငါအရှင်မြတ်သည်ကောင်းစွာ သိရှိတော်မူသည်။
Hashim Tin Myint
သူတို့သည် အသင်၏ဘက်သို့ နားစွင့်ကြပြီး အဘယ့်အတွက် (ကုရ်အာန်ကို)နား‌ထောင်ကြသည်ဆိုသည်ကို ငါအရှင်မြတ် အသိဆုံးဖြစ်‌တော်မူသည်။ ၎င်း‌နောက် သူတို့(အချင်းချင်း)တီးတိုး ‌ပြောဆိုတိုင်ပင်ကြ‌သောအခါ “အသင်တို့သည် စုန်းပြုခြင်းခံထားရသူ၏‌နောက်ကို လိုက်‌နေကြသည်“ဟု မတရားလုပ်သူများက ‌ပြောဆိုကြသည်ကိုလည်း (ငါအရှင်မြတ် သိရှိ‌တော်မူသည်)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek