×

အီဗ်လီစ် (ခေါ် စေတန်မိစ္ဆာကောင်) က “ဤသည်ပင် အရှင်မြတ်က ကျွန်ုပ်ထက် ထူးကဲမြင့်မြတ်သော ဂုဏ်သရေရှိသူ ဖြစ်စေတော်မူပြီဖြစ်ရာ အကယ်၍သာ အရှင်မြတ်သည် 17:62 Burmese translation

Quran infoBurmeseSurah Al-Isra’ ⮕ (17:62) ayat 62 in Burmese

17:62 Surah Al-Isra’ ayat 62 in Burmese (البورمية)

Quran with Burmese translation - Surah Al-Isra’ ayat 62 - الإسرَاء - Page - Juz 15

﴿قَالَ أَرَءَيۡتَكَ هَٰذَا ٱلَّذِي كَرَّمۡتَ عَلَيَّ لَئِنۡ أَخَّرۡتَنِ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ لَأَحۡتَنِكَنَّ ذُرِّيَّتَهُۥٓ إِلَّا قَلِيلٗا ﴾
[الإسرَاء: 62]

အီဗ်လီစ် (ခေါ် စေတန်မိစ္ဆာကောင်) က “ဤသည်ပင် အရှင်မြတ်က ကျွန်ုပ်ထက် ထူးကဲမြင့်မြတ်သော ဂုဏ်သရေရှိသူ ဖြစ်စေတော်မူပြီဖြစ်ရာ အကယ်၍သာ အရှင်မြတ်သည် ကျွန်တော်မျိုးအား ရှင်ပြန်ထ မြောက်မည့်နေ့တိုင်အောင် (အရေးယူတော်မမူဘဲ) ရွှေ့ဆိုင်းထားတော်မူလျှင် ဧကန်ပင်၊ ကျွန်ုပ်သည် လူသား၏သား မြေးမျိုးဆက်တို့အနက် အနည်းငယ်မျှသောသူတို့မှအပ (ကျန်လူသား) အားလုံးကို ကျွန်ုပ်ဘက်သို့ တိမ်းညွတ် စေမည် ဖြစ်ကြောင်းကို အသင် (အရှင်မြတ်) ရှုတော်မူမည်လော။” ဟု လျှောက်ထားခဲ့ပြန်၏။

❮ Previous Next ❯

ترجمة: قال أرأيتك هذا الذي كرمت علي لئن أخرتني إلى يوم القيامة لأحتنكن, باللغة البورمية

﴿قال أرأيتك هذا الذي كرمت علي لئن أخرتني إلى يوم القيامة لأحتنكن﴾ [الإسرَاء: 62]

Ba Sein
၆၂။ အရှင်မြတ်သည် အကျွနု်ပ်ထက် မြှောက်စားတော်မူသောလူသားကို ကြည့်ရှုတော်မူပါ။ အကယ်၍ အရှင်မြတ် သည် အကျွနု်ပ်အား ရှင်ပြန်ထမြောက်ရသောနေ့တော်ကြီးတိုင်အောင် အချိန်ပေးတော်မူပါလျှင် ထိုသူ၏ သားမြေးအနက် အနည်းငယ်သောသူတို့မှတပါး အခြားသူတို့ကို အကျွနု်ပ်သည် ဖမ်းဆီးပါအ့ံဟု တင်လျှောက်၏။
Ghazi Mohammad Hashim
ယင်းအစ်ဗ်လီစ်က (ဆက်လက်၍) အရှင် ရှုတော်မူပါ၊ အရှင်မြတ်သည် ကျွန်တော်မျိုးထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့သော၊ ဤသူကား အကယ်၍သာ အရှင်မြတ်သည်ကျွန်တော်မျိုးအား ကိယာမတ်ကမ္ဘာပျက်မည့် နေ့တိုင်အောင်ရွှေ့ဆိုင်းထားတော်မူခဲ့ပါလျှင် မလွဲဧကန် ကျွန်တော်မျိုးသည်၎င်း၏သားမြေးတို့အနက် အနည်း ငယ်မျှသော သူတို့မှတစ်ပါးအားလုံးကို ဖမ်းယူ လွှမ်းမိုးပါမည်ဟု လျှောက်ထားခဲ့ပြန်၏။
Hashim Tin Myint
သူက(ဆက်)‌ပြောသည်- “အရှင်မြတ် ကြည့်ရှု‌တော်မူပါ၊ အရှင်မြတ်သည် ကျွန်ုပ်ထက် မြင့်မြတ်‌စေ‌တော်မူခဲ့‌သော ဤသူကို အကယ်၍ အရှင်မြတ်သည် ကျွန်ုပ်အား ကိယာမသ်‌နေ့ထိ ဆိုင်းငံ့‌တော်မူခဲ့လျှင် အမှန်စင်စစ် ကျွန်ုပ်သည် သူ၏သား‌မြေးများထဲမှ အနည်းငယ်မှလွဲ၍ အားလုံးကို လွှမ်းမိုးဖျက်ဆီးပစ်လိုက်မည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek