Quran with Burmese translation - Surah Al-Kahf ayat 59 - الكَهف - Page - Juz 15
﴿وَتِلۡكَ ٱلۡقُرَىٰٓ أَهۡلَكۡنَٰهُمۡ لَمَّا ظَلَمُواْ وَجَعَلۡنَا لِمَهۡلِكِهِم مَّوۡعِدٗا ﴾
[الكَهف: 59]
﴿وتلك القرى أهلكناهم لما ظلموا وجعلنا لمهلكهم موعدا﴾ [الكَهف: 59]
Ba Sein ၆၉။ ထိုမြို့ရွာနယ်ပယ်အားလုံး ၎င်းတို့သည် မကောင်းမှုဒုစရိုက်ကို ကျူးလွန်သောအခါ ငါအရှင်မြတ်သည် ၎င်းတို့ကို ဖျက်ဆီးပစ်တော်မူ၏။ ငါသည် ၎င်းတို့ကို ဖျက်ဆီးဖို့အတွက် အချိန်သတ်မှတ်ထားတော်မူ၏။ |
Ghazi Mohammad Hashim စင်စစ် ဤသည်(တို့သည်)အကြင်မြို့(သူ) ရွာ(သား)များပင်။ ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ မတရားကျူးလွန်ခဲ့ကြသောအခါ ဖျက်ဆီး တော်မူခဲ့၏။ အမှန်သော်ကားငါအရှင်မြတ်သည် ၎င်းတို့ပျက်စီးကြရန်အလို့ငှာ ချိန်းချက်ထားသောကာလတစ်ခုကို ပြုလုပ်သတ်မှတ်တော်မူခဲ့ပေသတည်း။ |
Hashim Tin Myint ထို့ပြင် ဤသည် အကြင်မြို့ရွာများပင်ဖြစ်သည်။ ငါအရှင်မြတ်သည် ထိုမြို့သူရွာသားများအား သူတို့ မတရားကျူးလွန်ကြသည့်အခါ ဖျက်ဆီးတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ပျက်စီးရန် ချိန်းဆိုထားသည့်ကာလတစ်ခု ပြုလုပ်သတ်မှတ်ထားခဲ့သည်။ |