Quran with Burmese translation - Surah Al-Baqarah ayat 123 - البَقَرَة - Page - Juz 1
﴿وَٱتَّقُواْ يَوۡمٗا لَّا تَجۡزِي نَفۡسٌ عَن نَّفۡسٖ شَيۡـٔٗا وَلَا يُقۡبَلُ مِنۡهَا عَدۡلٞ وَلَا تَنفَعُهَا شَفَٰعَةٞ وَلَا هُمۡ يُنصَرُونَ ﴾
[البَقَرَة: 123]
﴿واتقوا يوما لا تجزي نفس عن نفس شيئا ولا يقبل منها عدل﴾ [البَقَرَة: 123]
Ba Sein ၁၂၃။ ထို့ပြင် သင်တို့သည် တရားစီရင်တော်မူတော်နေ့တော်ကြီးကို ကြောက်ရွံ့ကြလော့။ ထိုနေ့၌ ဝိညာဉ် တစ်ခုက အခြားဝိညာဉ်တစ်ခုကို တစ်စုံတစ်ရာ ကောင်းကျိုးဆိုးကျိုးမပေးနိုင်ချေ။ ဝိညာဉ်ထံမှ အပြစ်လွတ်ဘို့ရာ လျော်ကြေးကို လက်ခံမည်မဟုတ်ပေ။ တောင်းပန် ကယ်နှုတ်ခြင်းသည်လည်း အကျိုးရှိမည်မဟုတ်ပေ။ ဝိညာဉ်များကို ကူညီရိုင်းပင်းမည်မဟုတ်ပေ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါးတုံ (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သေပြီးသည့်နောက် ပြန်လည်ရှင်ပြန်ထကြရမည့်) နေ့ကို အထူးတလည် ကြောက်ရွံ့ကြကုန်၊ အကြောင်းမူကား ထိုနေ့တွင် မည်သူတစ်ဦး တစ်ယောက်မျှ အခြားတစ်ဦး တစ်ယောက်အဘို့ စိုးစဉ်းမျှကိုပင် စွမ်းဆောင်နိုင်မည်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်ထံမှလည်း အစားလဲလှယ်ပေးခြင်းကို (အလ္လာဟ် အရှင်မြတ်သည်) သဘောတူ လက်ခံမည်မဟုတ်၊ မည်သူတစ်စုံတစ်ယောက်၏ အသနားခံ တောင်းပန် ပေးခြင်းသည်လည်း အခြား တစ်စုံတစ်ယောက်သောသူအဖို့ အကျိုးဖြစ်ထွန်းစေမည်လည်း မဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့သည် မည်သည့်ကူညီ ယိုင်းပင်းမှုကိုမျှလည်း ခံစားကြရမည် မဟုတ်ပေ။ |
Hashim Tin Myint ထို့ပြင် အသင်တို့သည် အကြင်နေ့ကိုကြောက်ရွံ့ပြီး (အသင်တို့ကိုယ်ကို ကာကွယ်ကြပါ၊) ထိုနေ့တွင် မည်သူကမျှ မည်သူ့ကို မည်သည့်အရာတစ်ခုမျှ အကျိုးပြုနိုင်မည်မဟုတ်ပေ။ မည်သူ၏ထံကမှ အစားထိုးလဲလှယ်ယူခြင်းကိုလည်း လက်ခံခြင်းခံရမည် မဟုတ်ပေ။ မည်သူ၏အသနားခံ လိုက်လံပြောပေးခြင်းမှလည်း အကျိုးရှိမည် မဟုတ်ပေ။ ထို့ပြင် သူတို့သည် ကူညီခြင်းလည်း ခံကြရမည်မဟုတ်ပေ။ |