Quran with Burmese translation - Surah Al-Baqarah ayat 227 - البَقَرَة - Page - Juz 2
﴿وَإِنۡ عَزَمُواْ ٱلطَّلَٰقَ فَإِنَّ ٱللَّهَ سَمِيعٌ عَلِيمٞ ﴾
[البَقَرَة: 227]
﴿وإن عزموا الطلاق فإن الله سميع عليم﴾ [البَقَرَة: 227]
Ba Sein ၂၂၇။ သူတို့သည် ကွာရှင်းခြင်းကို အတည်ပြုလိုလျှင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော် မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူကြောင်းကို သူတို့မှတ်သားကြလော့။ |
Ghazi Mohammad Hashim ထို့ပြင် အကယ်၍သာ ယင်းသူတို့သည်၊ ကွာရှင်း ခြင်းကိုသာ စိတ်ပိုင်းဖြတ်ကြပါလျှင် ဧကန်မုချ အလ္လာဟ် အင်မြတ်သည် (ထိုသူတို့၏ ကျိန်ဆိုချက်တို့ကိုလည်း) အကြွင်းမရှိသိတော်မူသောအရှင်၊ (ထိုသူတို့၏ စိတ်ပြဋ္ဌာန်း ချက်များကိုလည်း) အကြွင်းမရှိ သိတော်မူသောအရှင် ဖြစ် တော်မူလေသတည်း။ |
Hashim Tin Myint ထို့ပြင် အကယ်၍ သူတို့သည် ကွာရှင်းပြတ်စဲရန်သာ ဆုံးဖြတ်ကြသည်ဆိုလျှင် အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |