Quran with Burmese translation - Surah Al-hajj ayat 34 - الحج - Page - Juz 17
﴿وَلِكُلِّ أُمَّةٖ جَعَلۡنَا مَنسَكٗا لِّيَذۡكُرُواْ ٱسۡمَ ٱللَّهِ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلۡأَنۡعَٰمِۗ فَإِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞ فَلَهُۥٓ أَسۡلِمُواْۗ وَبَشِّرِ ٱلۡمُخۡبِتِينَ ﴾
[الحج: 34]
﴿ولكل أمة جعلنا منسكا ليذكروا اسم الله على ما رزقهم من بهيمة﴾ [الحج: 34]
Ba Sein ၃၄။ ငါသည် လူသားတို့အား အစားအစာအဖို့ ပေးသနားတော်မူသောခြေလေးချောင်းတိရိစ္ဆာန်များအပေါ်၌ အရှင် မြတ်၏ နာမတော်ကို ရွတ်ဖတ်စေခြင်းငှာ ငါသည် လူမျိုးလူမျိုးတိုင်းအတွက် ကျင့်စဉ်တရားကို ပညတ်ထား တော်မူ၏၊ သင်တို့၏အလ္လာဟ်သည် တစ်ဆူတည်းသောအရှင်သခင်ဖြစ်တော်မူ၏၊ ထို့ကြောင့်အရှင်မြတ်အား ကျိုးနွံနာခံကြလော့၊ အို--တမန်တော်၊ နှိမ့်ချသူတို့အား ကောင်းသောသတင်းများကို ပေးလော့။ |
Ghazi Mohammad Hashim စင်စစ် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအဖို့ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏နာမတော် ထိုအရှင်မြတ်က မိမိတို့အား အစားအစာအဖြစ် ချီးမြှင့်ပေးသနားတော်မူခဲ့သော အခြေလေးချောင်း တိရစ္ဆာန်များအပေါ်၌ တသကြအံ့သောငှာ ကုရ်ဗာနီပြုခြင်းကို သတ်မှတ်ပြဌာန်းတော်မူခဲ့၏။ စင်စစ်သော်ကား အသင်တို့၏ ကိုးကွယ်ရာအရှင်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်ပင် ဖြစ်တော်မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်ကိုသာ လိုက်နာကြလေကုန်။ ထို့ပြင်(အို-တမန်တော်)အသင်သည်ကျိုးနွံသောသူတို့အား ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို ပြောကြားပါလေ။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် သာသနာဝင်အုပ်စုတိုင်းအတွက် အရှင်မြတ်က သူတို့အား ပေးတော်မူခဲ့သည့် ခြေလေးချောင်း တိရစာ္ဆန်များအပေါ်တွင် သူတို့သည် အလ္လာဟ်အရှင်မြတ်၏နာမတော်ကို တသကြရန်အတွက် ကုရ်ဗာနီပြုလုပ်ရာနေရာကို သတ်မှတ်တော်မူခဲ့သည်။* ထို့ပြင် အသင်တို့၏ ကိုးကွယ်ထိုက်သောအရှင်သည် တစ်ပါးတည်းဖြစ်သော ကိုးကွယ်ထိုက်သည့်အရှင်မြတ်ပင် ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အသင်တို့သည် ထိုအရှင်မြတ်၏အမိန့်တော်ကိုပင် လိုက်နာကြပါ။ ထို့ပြင် အသင်သည် ကျိုးနွံသည့်သူများကို ဝမ်းသာဖွယ်ရာ သတင်းကောင်းပြောလိုက်ပါ။ |