Quran with Burmese translation - Surah Al-hajj ayat 56 - الحج - Page - Juz 17
﴿ٱلۡمُلۡكُ يَوۡمَئِذٖ لِّلَّهِ يَحۡكُمُ بَيۡنَهُمۡۚ فَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ فِي جَنَّٰتِ ٱلنَّعِيمِ ﴾
[الحج: 56]
﴿الملك يومئذ لله يحكم بينهم فالذين آمنوا وعملوا الصالحات في جنات النعيم﴾ [الحج: 56]
Ba Sein ၅၆။ ထိုနေ့တော်ကြီး၌ အချုပ်အခြာအာဏာသည် အလ္လာဟ်အရှင်မြတ်အဖို့သာတည်း၊ အရှင်မြတ်သည် လူသားတို့ အလည်ကြား၌ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်၊ ယုံကြည်၍ ကုသိုလ်ကောင်းမှုပွားသူတို့သည် သုခဥယျာဉ်တော် များတွင် နေထိုင်ကြရလိမ့်မည်။ |
Ghazi Mohammad Hashim ထိုနေ့တွင် စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်၌သာ ရှိပေမည်။ ထိုအရှင်မြတ်သည် ၎င်းတို့အကြားဝယ် စီရင်ဆုံးဖြတ်တော်မူမည်။ ထို့နောက် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူ ဆောက်တည်ခဲ့ကြကုန်၏။(ထိုသူတို့သည်) သုခချမ်းသာနှင့်ပြည့်စုံသော ဥယျာဉ်များ၌ ရှိကြပေမည်။ |
Hashim Tin Myint ထိုနေ့တွင် အုပ်ချုပ်မှုအာဏာသည် အလ္လာဟ်အရှင်မြတ်၌ပင်ရှိမည်။ အရှင်မြတ်သည် သူတို့ကြားတွင် စီရင်ဆုံးဖြတ်တော်မူမည်။ ထို့နောက် အကြင်သူများသည် အီမာန်ယုံကြည်ခဲ့ကြပြီး ကောင်းမြတ်သော လုပ်ရပ်များကို ပြုလုပ်ခဲ့ကြသည်။ (ထိုသူများသည်) သုခချမ်းသာနှင့် ပြည့်စုံသောဥယျာဉ်များတွင် ရှိကြလိမ့်မည်။ |