×

စင်စစ်သော်ကား မယုံမကြည် (သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ခဲ့ကြသော) သူတို့သည် ရှင်ပြန်ထရမည့် နောက်ဆုံးနေ့နာရီက သူတို့ထံ ရုတ်တရက် ရောက်လာသည့်အထိ၊ သို့တည်းမဟုတ် (မျှော်လင့်ချက်တိုင်းက 22:55 Burmese translation

Quran infoBurmeseSurah Al-hajj ⮕ (22:55) ayat 55 in Burmese

22:55 Surah Al-hajj ayat 55 in Burmese (البورمية)

Quran with Burmese translation - Surah Al-hajj ayat 55 - الحج - Page - Juz 17

﴿وَلَا يَزَالُ ٱلَّذِينَ كَفَرُواْ فِي مِرۡيَةٖ مِّنۡهُ حَتَّىٰ تَأۡتِيَهُمُ ٱلسَّاعَةُ بَغۡتَةً أَوۡ يَأۡتِيَهُمۡ عَذَابُ يَوۡمٍ عَقِيمٍ ﴾
[الحج: 55]

စင်စစ်သော်ကား မယုံမကြည် (သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်ခဲ့ကြသော) သူတို့သည် ရှင်ပြန်ထရမည့် နောက်ဆုံးနေ့နာရီက သူတို့ထံ ရုတ်တရက် ရောက်လာသည့်အထိ၊ သို့တည်းမဟုတ် (မျှော်လင့်ချက်တိုင်းက လက်မှိုင်ချခြင်းအဖြစ်သို့ ပြောင်းရသည့်) ပြစ်ဒဏ်သည် သူတို့ထံ ရောက်လာလျက် အကြောင်းမလှသော (အမင်္ဂလာ) နေ့နှင့်ကြုံသည်အထိ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) နှင့်စပ်လျဉ်း၍ ဒွိဟသံသ ယ၌ပင် ရှိမြဲ ရှိနေခြင်းကို ရပ်စဲမည် မဟုတ်ပေ။

❮ Previous Next ❯

ترجمة: ولا يزال الذين كفروا في مرية منه حتى تأتيهم الساعة بغتة أو, باللغة البورمية

﴿ولا يزال الذين كفروا في مرية منه حتى تأتيهم الساعة بغتة أو﴾ [الحج: 55]

Ba Sein
၅၅။ ထို့အပြင်မယုံကြည်သူတို့က အချိန်တော်ကြီးသည် သူတို့အပေါ်သို့ ရုတ်တရက်ရှောင်တခင်ဆိုက်ရောက်လာသည့် တိုင်အောင် သို့မဟုတ် ပျက်စီးခြင်းအပေါင်းနှင့်တွေ့ကြံုနေရသောနေ့တော်ကြီး၏ အပြစ်ဒဏ်သည် သူတို့အပေါ် သို့ ကျရောက်လာသည့်တိုင်အောင် ကုရ်အာန်ကျမ်းတော်မြတ်ကို ယုံမှားသံသယရှိခြင်းကို ရပ်တန့်ကြလိမ့်မည် မဟုတ်ချေ။
Ghazi Mohammad Hashim
ကာဖိရ်မယုံမကြည် သွေဖည် ငြင်း ပယ်ခဲ့ကြသောသူတို့သည် ထိုသူတို့အပေါ်ဝယ် ကိယာမတ် ရောက်လာသည့်တိုင်အောင်၊ သို့မဟုတ် ထိုသူတို့ထံ အကြောင်းမလှသော(အမင်္ဂလာဖြစ်သော)နေ့၏ ပြစ်ဒဏ်ရောက်လာသည့်တိုင်အောင်၊ ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိမြဲရှိနေကြပေမည်။
Hashim Tin Myint
ထို့ပြင် ငြင်းပယ်သူများသည် သူတို့အ‌ပေါ်တွင် ရုတ်တရက် ကိယာမသ်‌ရောက်လာသည်အထိ သို့မဟုတ် သူတို့ထံသို့ မဂင်္လာမရှိသည့်‌နေ့၏ပြစ်ဒဏ်‌ရောက်လာသည်အထိ ထို(ကုရ်အာန်ကျမ်း‌တော်မြတ်)နှင့်ပတ်သက်၍ သံသယ၌ပင် ရှိ‌နေကြဦးမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek