Quran with Burmese translation - Surah Al-hajj ayat 64 - الحج - Page - Juz 17
﴿لَّهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۚ وَإِنَّ ٱللَّهَ لَهُوَ ٱلۡغَنِيُّ ٱلۡحَمِيدُ ﴾
[الحج: 64]
﴿له ما في السموات وما في الأرض وإن الله لهو الغني الحميد﴾ [الحج: 64]
Ba Sein ၆၄။ အလ္လာဟ်အရှင်မြတ်သည် အထက်မိုးကောင်းကင်နှင့် အောက်ကမ္ဘာမြေကြီးပေါ်ဝယ် ရှိရှိသမျှတို့ကို သိမ်းရုံးစိုးပိုင် တော်မူ၏၊ မှတ်သားကြလော့၊ အလ္လာဟ်အရှင်မြတ်သည် ဇာတိပကတိအားဖြင့် ကုံလုံပြည့်စုံတော်မူ၏၊ အ့ံချီးမဆုံး ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ကမ္ဘာမြေဝယ်ရှိသမျှတို့သည် လည်းကောင်း၊ ထိုအရှင်မြတ်ပိုင်ဆိုင်သော အရာများချည်းသာ ဖြစ်ကုန်၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် မှီခိုအားထားခြင်း ကင်းမဲ့တော်မူသော၊ ချီးမွမ်းထောပနာကိုခံယူထိုက်တော်မူသော၊အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ |
Hashim Tin Myint မိုးကောင်းကင်များတွင် ရှိသမျှနှင့် မြေပထဝီတွင် ရှိသမျှကို အရှင်မြတ်ပင် ပိုင်ဆိုင်တော်မူခြင်းဖြစ်သည်။ ထို့ပြင် အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်းကင်း၍ ပြည့်စုံကြွယ်ဝတော်မူသောအရှင်၊ အလွန်ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူသည်။ |